Breaking News

မြို့လည်ခေါင်အနုကြမ်းစီးမှုနောက်ဆက်တွဲ


Loading...


ရန်ကုန်မြို့လည်ခေါင်မှအမှုမှာအနုကြမ်းစီးမှုမဟုတ်၊ကျုးလွန်သူမှာတိုက်ပေါ်မှဆင်းရန်ကြိုးပမ်းရာမှတဆင့်သေဆုံးခဲ့ပြီး၊ အိမ်ရှင်အမျိုးသမီးကြီးမှာလည်းကျုးလွန်သူ၏လက်ချက်ကြောင့်သေဆုံးခဲ့ဟုရဲဆို


ရန်ကုန်၊ကျောက်တံတားမြို့နယ်၊ ၃၅လမ်း၊အလယ်ဘလောက်၊တိုက်အမှတ်၁၇၂၊၃လွှာပေါ်တွင် ယနေ့စက်တင်ဘာလ၁၈ရက်နေ့ ၁၁နာရီခွဲကျော်ကဖြစ်ပွားခဲ့သည့်အမှုမှာ
အနုကြမ်းစီးမှုမဟုတ်ဘဲ၊တူတော်စပ်သူက အဒေါ်ကိုရိုက်နှက်သည့်အမှုသာဖြစ်ဟုရဲနှင့်မျက်မြင်သက်သေဆိုသူတို့ကပြောသည်။

အဆိုပါတိုက်ခန်းတွင်အမျိုးသမီး ၂ဦးထဲရှိနေစဉ် ကျုးလွန်သူ ကရောက်ရှိလာပြီး၊အိမ်ရှင်ဖြစ်သူတို့ကို
ရိုက်နှက်ဒဏ်ရာများရရှိအောင်ပြုလုပ်နေစဉ်၊ အိမ်ရှင် ဖြစ်သူမှဘေးလူများကြားအောင်အော်ဟစ် အကူအညီတောင်းလိုက်သဖြင့်ကျုးလွန်သူမှာ၃လွှာနောက်ဖေးပေါက် အပြင်ထွက်ရန်ကြိုးပမ်းရာမှ ပြုတ်ကျသွားပြီးထိုဒဏ်ရာဖြင့်ပင်သေဆုံးသွားသည်ဟု ရဲထံမှသိရသည်။

သေဆုံးသွားသူတို့မှာပွဲချင်းပြီးမဟုတ်ဘဲဆေးရုံအရောက်၊လမ်းအရောက်တွင်သွေးထွက်လွန်ခြင်းကြောင့်ဖြစ်သည်ဟု လိုက်ပါပို့ဆောင်သူတို့ ထံမှသိရ သည်။

ပိုက်ဆံတောင်းမရ၍သတ်ခြင်းဟုဆိုနေကြသလို၊ဆေးကြောင်ကြောင်၍သတ်ခြင်းဖြစ်သည်ဟုလည်းဆိုနေကြသည်။

လက်ရှိတွင်ဖြစ်စဉ်အကြောင်းရင်းအသေးစိတ်နှင့်တိုက်ပေါ်မှပြုတ်ကျခဲ့သူအမျိုးသားနှင့်ပတ်သတ်သည့်အကြောင်းအရင်းအစရှိသည်တို့ကိုကျောက်တံတားရဲစခန်းမှဆက်လက်စစ်ဆေးလျှက်ရှိသည်ဟုထပ်မံသတင်းရရှိသည်။
Loading...