ဂင်းနစ်စံချိန်တင်စာရင်းဝင်သွားတဲ့ ခြောက်လက်မ မုတ်ဆိတ်မွေးနဲ့ မော်ဒယ်အမျိုးသမီး


_________________________________________________________


တချိန်က ကြီးနိုင်ငယ်ညှဉ်းခံခဲ့ရ၍ အဆိုပါ ကြီးနိုင်ငယ်ညှဉ်းပြုကျင့်မှုကို ဆန့်ကျင် လှုံ့ဆော်သူ အသက် (၂၄)နှစ်အရွယ်ရှိ မစ္စဟာနန်းကောင်းရာဆိုသူသည် ရုရှားငွေ ရူဘယ် ၂၅၀၀၀ အကုန်အကျခံပြီး ဆစ်ခ်ဘာသာဝင်အဖြစ် ကူးပြောင်းခဲ့ပြီး နောက် မုတ်ဆိတ်ရှည်ထားခဲ့သည်။




 ယနေ့အချိန်တွင် သူမ၏ မုတ်ဆိတ်မှာ ခြောက်လက်မခန့် ရှည်လျားပြီး မုတ်ဆိတ်မွေးရှည်ရှိသော ကမ္ဘာ့အငယ်ဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်တွင် အသိအမှတ်ပြုခံရသည်။

မစ္စဟာနန်းသည် Polycystic Ovary syndrome ခေါ် ဝေဒနာလက္ခဏာတမျိုး ခံစားခဲ့ရပြီး သူမ၏ ရင်ဘတ်၊ လက်မောင်းများတွင် အမွေးအမျှင်များ ထူထပ်စွာ
 ပေါက်လာခဲ့သည်။

ယင်းကဲ့သို့ အမွေးအမျှင်များကြောင့် သူမသည် လမ်းပေါ်တွင် လည်းကောင်း၊
 ကျောင်းတွင်လည်းကောင်း အမျိုးမျိုး နောက်ပြောင်ကျီစယ်မှုခံခဲ့ရသည်။

 အွန်လိုင်းမှနေ၍ လူစိမ်းများက အသက်အန္တရာယ်ခြိမ်းခြောက်မှုများပင်ရှိခဲ့သည်။ သို့သော်လည်း မစ္စတာဟာနန်းသည် သူမ၏ အမွေးအမျှင်များကို မရိတ်ဘဲ ထားခဲ့ပြီး နောက်မေးစေ့မှ မုတ်ဆိတ်များ ခြောက်လက်မအထိ ရှည်လျားခဲ့သည်။

 မစ္စဟာနန်းက ဤကဲ့သို့ မုတ်ဆိတ်မွေးများကို မရိတ်ပစ်တော့ဘဲ သဘာဝ
အတိုင်းထားခဲ့ပြီး ပတ်ဝန်းကျင်ကို ရဲဝံ့စွာရင်ဆိုင်နိုင်ခဲ့ကြောင်း ပြောပြသည်။

 ပြီးခဲ့သော မတ်လက လန်ဒန်တွင် ကျင်းပသည့် ဖက်ရှင်ပြပွဲတခုတွင်
 မော်ဒယ်တယောက်အဖြစ် ပါဝင်ခဲ့ရာ ပထမဦးဆုံး မုတ်ဆိတ်မွေးနှင့် မော်ဒယ်အမျိုးသမီးတယောက်ဖြစ်လာခဲ့သည်။

ယင်းကဲ့သို့ အမွေးအမျှင်များလာမှုကြောင့် ပတ်ဝန်းကျင်က၀ိုင်း၍ နောက်ပြောင်မှုကို
 ခံခဲ့ရသည့် မစ္စဟာနန်းသည် စိတ်ဖိစီးမှုဖြစ်ပေါ်ခဲ့ပြီး မိမိကိုယ်ကိုယ်ပင်အဆုံး
စီရင်ရန်ကြိုးစားခဲ့ဖူးကြောင်း ပြီးခဲ့သောနှစ်က အင်တာဗျူးတခုတွင် ပြောပြခဲ့ဖူး
သည်။

သို့သော် လည်း မစ္စဟာနန်းသည် ယနေ့အချိန်တွင် သူမ၏ လက်ရှိ ရုပ်လက္ခဏာ သွင်ပြင်အပေါ် ကျေနပ်နှစ်သိမ့်စွာဖြင့် ဂုဏ်ယူလက်ခံထားကြောင်း ပြောသည်။

ထွဋ်ဝင်းထွဋ်
Ref; Mirror.
Newswatch ( စောင့်ကြည့်သတင်းဂျာနယ် )