Breaking News

တစ်လကြာသော်လည်း အဖြေမပေါ်သေးတဲ့ လေးလောင်းပြိုင် လူသတ်မှု


Loading...
စက်တင်ဘာ ၂၀ ရက်နေ့က သေဆုံးသူတွေအတွက်ရည်စူးပြီ တစ်လပြည့် အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။မင်္ဂလာဒုံလေးလောင်းပြိုင်လူသတ်မှုဟာ တစ်လကြာနေပြီဖြစ်ပေမဲ့ ကျူးလွန်သူ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။ အဆိုပါ အမှုအတွက် လူ ၆၀ ကျော်ကို ခေါ်ယူစစ်ဆေးခဲ့ပြီး သံသယရှိသူ အမျိုးသားသုံးဦးရဲ့ ဓာတ်ပုံတွေကိုလည်း ဖြန့်ဝေခဲ့ပေမဲ့ ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဆဲသာ ရှိသေးတာ ဖြစ်ပါတယ်။
 ရဲဘက်က  တစ်စုံတစ်ရာ ပြောကြားခြင်းမရှိဘဲ အမှုနဲ့ပတ်သက်လို့ ထူးခြားမှုမရှိသေးဘူးလို့  သေဆုံးသူ ရဲအရာရှိဟောင်းရဲ့ ယောက္ခမတော်စပ်သူ ဒေါ်ရီရီနွဲ့က ပြောကြားထားပါတယ်။

ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွားပြီး ငါးရက်အကြာမှ နေအိမ်အနီးတစ်ဝိုက်မှာ သက်သေခံပစ္စည်းတွေ ရှာဖွေခဲ့တာကြောင့်  ဝေဖန်မှုတွေရှိခဲ့ပြီး ရက် ၂၀ အတွင်း နေအိမ်မှာ သက်သေခံပစ္စည်းတွေ ထပ်မံရှာဖွေခဲ့သေးတယ်လို့ မိသားစုဝင်တွေက ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့က သေဆုံးသူတွေအတွက်ရည်စူးပြီ တစ်လပြည့် အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။
Photos & Source: 7Day Daily
Loading...