Breaking News


အရင် ဓားဘခက် အကယ်ဒမီ နေ အောင် က ယခု ဓါးဘခက် သရုပ်ဆောင် နေမင်းကို ဝေဖန်


Loading...


သူ စကား ကို ပွင့်ပွင့်လင်းလင်း မပြော တာက တစ်ချက်၊ ကျွန်တော် အဲဒါမျိုးကို အားမရဘူး။ နောက်တစ်ခုက မျက်ခုံး ပင့်တာလေး သတိထားစေချင်တယ်။
တစ်ချိန်က အောင်မြင် ကျော်ကြားခဲ့တဲ့ “မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်” ရုပ်ရှင် ဇာတ်ကားကြီး ကို နေမင်း ၊ အေးမြတ်သူ တို့က ပြန်လည် ရိုက်ကူးခဲ့ပြီး အခု နေမင်း သရုပ်ဆောင်တဲ့ ဓားဘခက် နေရာမှာ အရင်က အကယ်ဒမီ နေ အောင် သရုပ် ဆောင် ခဲ့တာ ပဲဖြစ်ပါတယ်။ အခု လို ပြန်လည် ဆန်းသစ်ပြီး ရိုက်ကူးလာတဲ့ ရုပ်ရှင် ဇာတ်ကား အ ပေါ် အကယ်ဒမီနေအောင်ရဲ့ အမြင် ကို မေး ကြည့် တော့..
“သူတို့တွေ ကောင်းပါတယ်။ တော်ပါတယ်။ နေမင်းလည်း Very Excellent အိုက်တင်ပါ။ သူနဲ့ ဒီကာရိုက်တာ လိုက်ဖက် ပါတယ်။ ကျွန်တော် တို့နဲ့ မတူတော့ တာက သူတို့က Effect တွေကောင်း လာတယ်။ မင်းသား၊ မင်းသမီးက နည်းနည်း လုပ်ရုံနဲ့ အများကြီး ထိ ရောက် သွားတယ်။ ကျွန်တော် တို့တုန်းက တအား ပင်ပန်းခဲ့ရတာ။ ဓားဘခက် ဆိုတဲ့ အတိုင်း ဓားကို ကျွမ်းကျင်စွာ ကိုင်နိုင်ဖို့၊ ပီပြင် စွာ သရုပ်ဆောင်နိုင် ဖို့ အသေအလဲကို ကြိုးစားခဲ့ရတာ။ ရိုက်ကူးတဲ့နေရာ ကလည်း ပဲခူးရိုးမ နေရာနားမှာ ရိုက်ကူး ရတာ။ အနေ အထိုင် ဆင်းရဲ တယ်။ ပင်ပန်းတယ်။ ကျွန်တော် ပင်ပန်းသလို သန်းသန်း (ခင်သီတာထွန်း) လည်း ပင်ပန်းပါတယ်။ ဒီဇာတ်ကားက ကျွန်တော်တို့ တုန်းက လည်း ရုံပြည့် ရုံလျှံ အားပေးမှု နဲ့အောင်မြင်မှုရ ခဲ့တယ်။ အခု လည်း အောင်မြင်မှာပါ။ ပြီးတော့ ကျွန်တော် တို့တုန်းက ရိုက်ကူး ခဲ့တဲ့ ဒါရိုက်တာက အခုထိ သူ့ရဲ့အနုပညာ စွမ်းရည်တွေ လက် ရည် မကျသေးတာကို တွေ့ရ တယ်။ ကျွန်တော်တို့ အစား ပြန်ရိုက် ကူးတဲ့ ဒီဇာတ် ကားကိုပြန် ကြည့်ရင်း နဲ့ကို ကျွန်တော့် ကိုယ် ကျွန်တော် အသက် ၃ဝ လောက် ပြန်ငယ်သွား သလို ခံစားရ ပြီး ဒါရိုက်တာရဲ့ ဒီလက်ရည် တွေနဲ့ ကို ပြန်ရိုက်ကူးချင် စိတ်တောင် ပေါ်မိပါတယ်” လို့ သူ့ရင်ထဲက ခံစားမှု ကိုလည်း အကယ်ဒမီ နေအောင် က ပြောပြပါတယ်။ အကယ်ဒမီနေ အောင်က သရုပ်ဆောင် နေမင်း အတွက် ကိုလည်း အနုပညာ အကြံ ပေးစကား ဆိုခဲ့ပါတယ်။
“မောင်နေမင်း က တအား ကြိုး စားပါတယ်။ ဒါပေမဲ့ သူ့ကို ကျွန် တော်ပြင်ဆင်စေချင် တာက သူ စကား ကို ပွင့်ပွင့်လင်းလင်း မပြော တာက တစ်ချက်၊ ကျွန်တော် အဲဒါမျိုးကို အားမရဘူး။ နောက်တစ်ခုက မျက်ခုံး ပင့်တာလေး သတိထားစေချင်တယ်။ ဒါက သူ့အတွက် ကြာရင် Minus များ လာလိမ့်မယ်။ သူ အခု လို ဘာ ကြောင့် လုပ်လဲတော့ ကျွန်တော် မသိဘူးပေါ့နော်။ သူ့ စတိုင်ပဲ ဆိုရင်တော့ ကျွန်တော် လည်း ဘာမှ မတတ်နိုင်ဘူး။ သူ့ရဲ့ကြိုးစားမှု အတွက် အောင်မြင် မှုရရှိပါစေလို့ ကျွန်တော် ဆုတောင်း ပေးပါတယ်” လို့ပြောပါတယ်။
popularmyanmar
ဇင်မာနွယ်၊
ဓာတ်ပုံ- အောင်ဇော်မင်း
Loading...