Breaking News


ပထမတန်း ကျောင်းသူ မလှသူဇာဝေ အဓမ္မ ပြုကျင့်ခံရပြီး သေဆုံး

Loading...


ရေကြည်မြို့နယ် ကွမ်းသီးကုန်း ကျေးရွာတွင် အဓမ္မပြုကျင့်မှု့ ကြောင့် ပထမတန်းကျောင်းသူသေဆုံး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ကွမ်းသီး ကုန်းကျေးရွာရှိ ကြယ်နီသုံးလုံး နှစ်ရှည်ပင် စိုက်ပျိုးခြံအတွင်း စက်တင်ဘာ (၂၆) ရက် ည(၇) နာရီ အချိန်မှာ စက်စက်ယို အခြေခံပညာ မူလတန်းကျောင်းမှာ တက် ရောက်နေတဲ့ ပထမတန်း ကျောင်းသူ မလှသူဇာဝေ အဓမ္မ ပြုကျင့်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ(၂၆)ရက် ည(၇)နာရီခွဲအချိန် ကုန်းပြင်နယ်မြေ ရဲစခန်းမှာ ဒုရဲအုပ်ဝင်းမြင့်ရှိနေစဉ် ရေကြည်မြို့နယ်၊ ကက္ကူကြီး ကျေးရွာအုပ်စု၊ ကွမ်းသီးကုန်း ကျေးရွာနေ ဦးရွှေနီ ရောက်ရှိလာပြီး သူ့ရဲ့ မြေးဖြစ်သူ မလှသူဇာဝေ ကျောင်းဆင်းချိန် ကျော်လွန် ပေမယ့်လည်း ပြန်မရောက်လာတဲ့ အတွက် ကူညီရှာဖွေ ပေးဖို့ လာရောက် ပြောကြားချက်အရ စက်စက်ယို ကျေးရွာက ရပ်မိရပ်ဖ ဦးပေါက်တူး၊ ဦးအန်းတို့နဲ့အတူ သတင်းစုံစမ်း ရှာဖွေရာမှာ မလှသူဇာဝေကို ကျောင်းဆင်းချိန်မှာ အကိုဝမ်းကွဲ တော်စပ်သူ မိုးဇော်ဦး မှ ခေါ်ဆောင်သွားကြောင်း သတင်းရရှိတဲ့ အတွက် မိုးဇော်ဦးကို ခေါ်ယူ စစ်ဆေးရာ ငွေကြေး အခက်အခဲ ရှိတဲ့အတွက် ဇနီးဖြစ်သူ မ၀င်းလဲ့ဇင်နဲ့ တိုင်ပင်ပြီး ညီမ ၀မ်းကွဲတော်သူ မလှသူဇာဝေအား ကျောင်းဆင်းချိန်မှာ သွားရောက် စောင့်ခေါ်ကာ နားဆွဲယူဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကျောင်းဆင်းချိန်မှာ မိုးဇော်ဦးဟာ ဇနီးဖြစ် သူနဲ့အတူ ကျောင်းကိုသွားကာ စောင့်ခေါ် ခဲ့ပြီးနောက် ဇနီးဖြစ်သူကို ကားလမ်းမှာ စောင့်ခိုင်းခဲ့ပြီး မလှသူဇာဝေ ကို ကြယ်နီသုံးလုံး နှစ်ရှည်ပင် စိုက်ခြံအတွင်း ခေါ်သွားခဲ့ တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး အစ်ကိုဝမ်းကွဲ ဖြစ်သူ မိုးဇော်ဦးက မလှသူဇာဝေကို လည်ပင်းညစ်ပြီး သားမယား အဖြစ် ပြုကျင့်စဉ် သေဆုံးသွားတဲ့ အတွက် နားဆွဲ(၁)စုံခန့်မှန်း တန်ဖိုး(၈၀၀၀)ကျပ်ခန့်ကို ချွတ်ယူပြီး အလောင်းကို ခြံအတွင်းရှိ မြောင်းအတွင်းထားခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါတယ်။

မလှသူဇာဝေကို လည်ပင်းညစ်ကာ သားမယား အဖြစ် ပြုကျင့်ပြီး နားဆွဲ(၁)စုံအား ချွတ်ယူသူ မိုးဇော်ဦးနဲ့ မ၀င်းလဲ့ဇင် နှစ်ဦးတို့ကို ဒုရဲအုပ်ဝင်းမြင့် က တရားလို ပြုလုပ် တိုင်တန်းခဲ့တဲ့ အတွက် စက်တင်ဘာ(၂၆)ရက် ည(၁၁)နာရီ အချိန်မှာ ကုန်းပြင်နယ်မြေရဲစခန်း (ပ) ၆၆/ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ (၃၀၂/၃၇၆/၃၉၂/ ၁၁၄ (အမှုကြီးအမှတ်စဉ် ၁/၂၀၁၆)နဲ့ အမှု့ ဖွင့်လှစ်ခဲ့ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မင်းဇော်ဦး (ရေကြည်)ရဲ့ သတင်းပေးပို့ချက် အရ သိရပါတယ်။

Central News Bureau

====================

တိုင်းဧရာ
Loading...