ဦးမိုးဒီ က ပြောပြီ !!!!!!!!!!!!!!!!!!!!!!!!!!

_________________________________________________________
လူရွှင်တော်ဆိုတာ ပရိသတ်ချစ်အောင် ပြက်လုံးတွေ ပြက်ရမှာဖြစ်ပြီး ပရိသတ်တွေ မုန်းအောင် ပြက်လုံးမပြက်ပါနဲ့လို့ ဝါရင့်လူရွှင်တော်ကြီးဦးမိုးဒီက လူရွှင်တော်တွေအတွက် အကြံပြုစကားဆိုပါတယ်။
" ပြီးတော့ ပရိသတ်ကို မခွဲခြားနဲ့။ ဒါက အစိမ်း၊ ဒါက အနီဆို
တာမျိုးမဖြစ်စေနဲ့။ အားလုံးအတွက်လူရွှင်တော်ပဲ ဖြစ်စေချင်တယ်။
အားလုံးက ရယ်စရာပဲဖြစ်ရမယ်။
အစိမ်းရယ်ပြီး အနီမရယ်တာမျိုး၊ အနီရယ်ပြီး အစိမ်းမရယ်တာမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့် လူရွှင်တော်တွေဟာ အားလုံးသဘောကျမယ့်၊
အားလုံးရယ်စရာဖြစ်မယ့်၊ ချစ်စရာကောင်းမယ့် ပြက်လုံးတွေကို ပြက်ကြပါ။ နံပါတ်တစ်အနေနဲ့ စာရိတ္တယိမ်းယိုင်မသွားကြပါနဲ့။ ဗဟုသုတ ရှာဖွေရင်းနဲ့
နယ်ကျွံသွားတာလေ။ နံပါတ်နှစ်ကတော့ ဘက် မလိုက်နဲ့၊ မတိမ်းစောင်းနဲ့ ကိုယ့်ပြက် လုံးကြောင့် သူများဒုက္ခမရောက်စေ နဲ့။ ချစ်စရာကောင်းတဲ့ လူရွှင်တော် တွေ ဖြစ်ကြပါစေ" လို့ ဦးမိုးဒီက လူရွှင်တော်တွေအတွက် အကြံပြုစကားပြောပါတယ်။
လူရွှင်တော်ကြီး ဦးမိုးဒီအနေနဲ့ လူရွှင်တော်သက်ကြီး ပူဇော်ပွဲကို ကန်တော့ခံ
သက်ကြီး လူရွှင်တော်တစ်ဦးအနေနဲ့ နှစ်စဉ် တက်ရောက်လေ့ရှိပြီး သက်ကြီး လူရွှင်တော်ကြီးတွေကိုယ်စား မျိုးဆက်သစ်လူရွှင်တော်တွေအတွက် မုဒိတာစကားပြောကြား ပေး လေ့ရှိခဲ့ပါတယ်။ ဒီနှစ်သက်ကြီး ပူဇော်ပွဲကိုလည်း တက်ရောက်လာတဲ့ ဦးမိုးဒီက..." ကျွန်တော်တို့ သက်ကြီးအနုပညာရှင်တွေဟာ ကျဆုံးခြင်းအတွက် ပြင်ဆင်တဲ့သူတွေရှိသလို ကျဆုံးခြင်းအတွက် မပြင်ဆင်တဲ့ သူတွေလည်း ရှိတယ်။ အဲဒီအတွက် ဒီအထောက် အပံ့၊ ဒီကန်တော့ပုံလေးတွေဟာ သူတို့အတွက်
တော်တော်လေး ဝမ်း မြောက်ပျော်ရွှင်စရာလေးတွေ ဖြစ် ကြတယ်။ လူငယ်တွေရဲ့ရိုသေလေးစားမှုနဲ့ နှစ်စဉ်နှစ်စဉ်ထောက်ပံ့တဲ့
နေရာမှာ စေတနာ၊ မေတ္တာသာလျှင် အဓိကထားပြီးတော့
ကျွန်တော်တို့ အနေနဲ့လည်း ဝမ်းသာပီတိဖြစ်ရပါ တယ်။ အဲဒါကြောင့်
ဒီအစဉ်အလာ လေးက အင်မတန်ကောင်းတဲ့ အစဉ် အလာဆိုပြီး ကျွန်တော်တို့ရင်ထဲမှာ ကြည်နူးရတယ်။ လူငယ်လူရွှင်တော် တွေအနေနဲ့ ဒီအစဉ်အလာကြီးကို ဆက်လက်ထိန်းသိမ်းပြီးတော့ မပျောက်ပျက်သွားအောင် နှစ်စဉ် နှစ်တိုင်း ဒီလိုပဲ ကြိုးပမ်းသွားကြစေချင်တယ်" လို့ ပြောပါတယ်။
လင်းအက္ခရာ
popularjournal
Loading...