နေ့ ခင်းကြောင်တောင် ၃၅ လမ်းတွင် အိမ်ပေါ်တက်ရိုက်နှက်မှု တစ်ခုဖြစ်ပွားပြီး အရိုက်ခံရသူ အမျိုးသမီးကြီး သေဆုံး

_________________________________________________________


" ၃၅ လမ်းတွင် အိမ်ပေါ်တက်ရိုက်နှက်မှု တစ်ခုဖြစ်ပွားပြီး အရိုက်ခံရသူ အမျိုးသမီးကြီး သေဆုံး "

ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းအလယ်ဘလောက်ရှိ  တိုက် ခန်းတစ်ခုတွင် နေထိုင်သူ သားအမိနှစ်ဦးကို အိမ်ပေါ် တက်၍ ရိုက်နှက်မှုတစ်ခုဖြစ်ပွားခဲ့၍ အရိုက်ခံရသူ အမျိုးသမီးကြီး သေဆုံးသွားမှု ယနေ့( စက်တင်ဘာ ၁၈ ရက်) နံနက် ၁၁ခွဲခန့်တွင် ဖြစ်ပွားခဲ့သည်။




အဆိုပါ အခန်းတွင် နေထိုင်သည့် အသက် ၆၀ အရွယ်အဘွားအိုတစ်ဦးနှင့် ၄၃ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတို့အား တူတော်စပ်သူဟု ဆိုသူအမျိုးသားတစ်ဦးက အိမ်ထဲဝင် ရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး အဘွားအိုမှာ ဦးခေါင်းနှင့်လည်ပင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့်ရန် ကုန်ဆေးရုံကြီးသို့တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ ကြောင်း ရပ်ကွက်အတွင်းနေထိုင် သူများကဆို သည်။

 ''လုပ်တဲ့သူက အဘွားကြီးနဲ့တူတော်တယ်ပြောတယ်။ လာထဲကသံတုတ်ပါလာတယ်ဆိုတောါတစ်ခုခုလိုချင်လို့ ရည်ရွယ်ချက်ရှိရှိလာတာဖြစ်လောက်တယ်''ဟု ကျောက်တံတားမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မကြည်ပြာက ပြောကြားသည်။

နေအိမ်ပေါ်သို့တက်ရောက် ရိုက်နှက်ခဲ့သည့် အသက် ၄၀ ဝန်းကျင်အရွယ်အမျိုးသားသည် တိုက်ခန်းအနောက်ပေါက်အပေါ်မှ ခုန်ချထွက်ပြေးခဲ့သော်လည်း ရပ်ကွက်အတွင်းနေထိုင်သူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း အခင်းဖြစ်တိုက်အနီးနေထိုင်သူတစ်ဦးက ဆို သည်။

"တံခါးခေါက်တော့ တူဆိုတော့လဲတံခါးဖွင့်ပေး လိုက်တာ။ ဝယ်လာတဲ့ဒံပေါက်တောင်စားလိုက် သေးတယ်။ ပြီးတော့မှရိုက်ပြီးခုန်ချတယ်ပြော တယ်။ ခုအဘွားကြီးရောတရားခံရောသေသွားပြီ။ သူ့သမီး လဲခေါင်းမှာ ဒဏ်ရာရသွားတယ်''ဟု မကြည်ပြာကပြောသည်။

'လမ်းထဲကလူတွေကအနုကြမ်းစီးနေတာသိတော့အရှေ့လှေကားကတက်ကြတယ်။ အဲဒီတော့တရားခံကထွက်ပေါက်မရှိတော့ အနောက်ကနေခုန်ချတာ။ ကျွန်တော်တို့သွားကြည့်တော့မှောက်လျက်လဲနေတယ်'' ဟု ၎င်းကဆိုသည်။
ဓာတ်ပုံ-ဒေါ်ကြည်ပြာ FB
7daydaily