ဘိုးမင်းခေါင် ဝင်ပူးသည်ဟုဆိုကာ ဆဲဆိုသူကို အရေးယူ


_________________________________________________________


ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ၁၀၄ ရပ်ကွက် ဆင်းဧကရီလမ်း၌ စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲက ဘိုးမင်းခေါင်ပုဂ္ဂိုလ်ဝင်ပူးသည်ဟုဆိုကာ အော်ဟစ်ဆဲဆိုနေသော အမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆဲဆိုသောအမျိုးသားမှာ ယင်းရပ်ကွက်တွင် နေထိုင်သော အသက် ၃၃ နှစ်အရွယ် ဘာသာခြားအမျိုးသားဖြစ်ကြောင်း၊ ဘိုးမင်းခေါင် ဝင်ပူးနေသည်ဟုဆိုကာ ဘာသာရေးဆိုင်ရာ စကားရပ်များဖြင့် အော်ဟစ်ဆဲဆိုနေသောကြောင့် ရပ်ကွက် နေသူများက ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅/၂၉၅(က)ဖြင့် အရေးယူထားကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
The voice