Breaking News


လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည့်နေအိမ်ကို လှုဒါန်းမည်ဟုသတင်းထွက်ပေါ်


Loading...

မင်္ဂလာဒုံမြိုနယ်၊ပတ္တမြားမြို့သစ်အတွင်းမိသားစုလေးဦးအားတစ်ပြိုင်တည်းသတ်မှု ဖြစ်ပွားခဲ့သောနေအိမ်ကိုကျန်ရစ်သည့်မိသားစုများမှ ဘုန်းကြီးကျောင်းသို့လှုဒါန်းသွားမည်ဟုသတင်းများထွက်ပေါ်လျက်ရှိကြောင်း အဆိုပါ မိသားစုနှင့်နီးစပ်သည့်အသိုင်းဝိုင်းမှသိရသည်။
''ကျန်ခဲ့တဲ့မချယ်ရီပွင့်ရဲ့မိခင်က ဒီအိမ်နဲ့ ခြံကိုသူတို့ကိုးကွယ်နေတဲ့ဘုန်းကြီးကျောင်းကိုလှုဒါန်းမယ်လို့ပြောတယ်၊သူအနေနဲ့လည်း ဒီအိမ်ကြီးမှာ မနေချင်တော့တာရယ်၊သေဆုံးသွားတဲ့သူတွေအတွက်ကောင်းမှုကုသိုလ် လုပ်ပေးချင်တာကြောင့်ဒီလိုလှုဖို့ လုပ်တာပါ၊အခုချက်ခြင်းကြီးတော့မဟုတ်သေးဘူး၊သေဆုံးသူတွေအတွက် တစ်လပြည့်ဆွမ်းကပ်ပြီးမှလုပ်ဖြစ်မယ်ထင်တယ်''ဟု သေဆုံးသူမိသားစုနှင့် ရင်းနှီးသူတစ်ဦးဖြစ်သူက ပြည်မြန်မာကိုပြောသည်။
ယခုအခါ အဆိုပါ အမှုကို ထောက်ကြန့်နယ်မြေရဲစခန်း(ပ)၅၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ အမှုမှန်ပေါ်ပေါက်စေရေးအတွက် အပူတပြင်း စုံစမ်းဖော်ထုတ်လျက်ရှိပြီး မသင်္က࿿ာသူ သုံးဦးပုံကိုလည်း ဖြန့်ဝေကာတွေ့ရှိပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့သို့ သတင်းပေးပို့ရန် တရားဝင်ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။
''လေးလောင်းပြိုင် လူသတ်မှုနဲ့ပက်သက်ပြီးမြို့နယ်ရောတိုင်း-မှုခင်းရဲတပ်ဖွဲ့ရော တရားခံကို စုံစမ်းနေပါတယ်၊အခု မှုခင်းဖြစ်ပွာခဲ့တဲ့အိမ်ကို လှုဒါန်းမယ်၊မလှုဒါန်းဖူးဆိုတာတော့မသိသေးပါဘူး၊အခုအဲဒီအိမ်ကို ပိတ်ထားတယ်ဆိုတာ က ကျန်ခဲ့တဲ့မချယ်ရီပွင့်ရဲ့အမေက နေမကောင်းတာရယ်၊အိမ်မှာမနေချင်တာကြောင့်သူ့ဆွေမျိုးတွေဆီ သွားနေတာပါ"ဟု ထောက်ကြန့်မြို့နယ် ရဲစခန်းမှ ရဲအုပ်ဌေးဝင်းကပြည်မြန်မာကို ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက် က ယခင် ရဲအရာထမ်းဟောင်း ကိုစိုးနောင်နှင့် ဇနီးမချယ်ရီပွင့်၊ သားမောင်ဟန်သူရနှင့်မောင်စွမ်းထက်မြက်တို့  မိသားတစ်စုလုံးအသတ်ခံခဲ့ရခြင်း ဖြစ်ပြီး အခင်းဖြစ်ပြီး နှစ်ပတ်ခန့် အချိန်ကြာသည့်တိုင် တရားခံများအား ဖမ်းဆီး၍ မရရှိသေးပေ။

သတင်း/ဓာတ်ပုံ လဝန်း
pyimyanmarnews
Loading...