Breaking News

တရားမဝင်အလုံပိတ်တဲဖွင့်လှစ်ခဲ့သော အကြင်နာရိပ်အအေးဆိုင်ပိုင်ရှင်အား ဒဏ်ငွေကျပ်၎သိန်းပြစ်ဒဏ်ချမှတ်


Loading...

မန္တလေးမြို့တော်စည်ပင်သာယာ ရဲတပ်ဖွဲ့မှ စည်ပင်သာယာနယ်နိမိတ်အတွင်း တရားမ၀င်ဖွင့်လှစ်ထားသည့် အလုံပိတ်အခန်းများကို စစ်ဆေးအရေးယူလျက်ရှိရာ စက်တင်ဘာ ၂-ရက် နံနက် ၁၀-နာရီခွဲခန့်က ၆၂-လမ်း၊၁၄-×၁၅-လမ်းကြားရှိ အကြင်နာရိပ် အအေးဆိုင်ကို အရေးယူခဲ့ကြောင်း မြို့တော်စည်ပင်ရဲတပ်ဖွဲ့မှသိရသည်။

“အလုံပိတ်အခန်းတွေ စစ်ဆေးအရေးယူမှုတွေကို စည်ပင် ဖေ့ဘုတ်စာမျက်နှာမှာ တင်လိုက်တော့ အလုံ ပိတ် ခန်းရှိတဲ့တခြားနေရာတွေ ကော့မန့်မှာ တက်လာတယ်။အဲဒိနေရာတွေကို အပြင် ကျွန်တော်တို့ စုံစမ်းလို့ရရင် လည်း အရေးယူတယ်။ကောမန့်မှာ တက်လာတဲ့ ဆိုင်တချို့လည်းပိတ်သွားကြတယ်။”ဟု မြို့တော်စည်ပင်ရဲ တပ်ဖွဲ့၊ ရဲအုပ် သဲဦးလှိုင်က ပြောသည်။
အကြင်နာရိပ် အအေးဆိုင်တွင် ခွင့်ပြုချက်မရှိ ဆောက်လုပ်ထားသည့် အလုံပိတ်အခန်း ၁၇-ခန်းကို စစ်ဆေး အရေးယူခဲ့ခြင်းဖြစ်ပြီးအလားတူ သြဂုတ် ၃၁-ရက်နေ့ကလည်း နေရာ ၄-နေရာမှ အလုံပိတ်အခန်း ဖွင့်လှစ်သူ များအား စည်ပင်ဥပဒေအရ အရေးယူခဲ့သည်။

"မြို့တော်စည်ပင်သာယာရေးကော်မတီက ပုဒ်မ ၁၀၄(စ)အရတားမြစ်ချက်ကို ဖေါက်ဖျက်ကျူးလွန်မှုနဲ့ ပုဒ်မ ၁၁၈-နဲ့အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်၊စည်ပင်ရဲတပ်ဖွဲ့က အရေးယူတာ ဖြစ်လို့ စည်ပင်ဥပဒေမှာ စုံတွဲ တွေကို အရေးယူလို့ မရဘူး။စည်ပင်က ခွင့်ပြုမထားတဲ့ လုပ်ငန်းလုပ်တာကိုအရေးယူတာ။" ဟု၎င်းက ဆက် လက်ပြောကြားသည်။
 မြို့တော်စည်ပင်သာယာဥပဒေပုဒ်မ ၁၀၄- (စ)အရ“မည်သူမျှလူနေထိုင်ရန်ဆောက် လုပ် ထားသောအဆောက် အဦများမှာ ကော်မတီက ခွင့်ပြုမထားသော လုပ်ငန်းများ မလုပ်ရ”ဟု တားမြစ်ထား ပြီးဖေါက်ဖျက်ပါက စည်ပင် ဥပဒေပုဒ်မ ၁၁၈ ဖြင့် အရေးယူကာ ဒဏ်ငွေကျပ် လေးသောင်းမှ ကျပ်လေးသိန်း(သို့)ထောင်ဒဏ် ၆ လ(သို့) ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်ကြောင်း သိရသည်။

တရားမ၀င် အလုံပိတ်တဲများဖွင့်လှစ်ခြင်းကြောင့် အကြင်နာရိပ်အအေးဆိုင်ပိုင်ရှင်အား စည်ပင်သာယာဥပဒေပုဒ်မ ၁၁၈ အရ ဒဏ်ငွေ ကျပ် ၄ သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News watch
Loading...