Breaking News


"ဓမ္မာရုံထဲဝင်၍ အသံချဲ့စက်ပိတ်ခဲ့သည့် နယ်သာလန်နိုင်ငံသားကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်"

Loading...


"ဓမ္မာရုံထဲဝင်၍ အသံချဲ့စက်ပိတ်ခဲ့သည့် နယ်သာလန်နိုင်ငံသားကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်"

မန္တလေးမြို့ မဟာအောင်မြို့နယ်ရှိ ဓမ္မာရုံတစ်ခုတွင် ဓမ္မစင်္ကြာရွတ်ဖတ်နေစဉ် နယ်သာလန်နိုင်ငံသားတစ်ဦးသည် အသံချဲ့စက်ပိတ်သွားသဖြင့် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားရှိကြောင်း သတင်ရရှိသည်။
တမာကုန်းရပ်ကွက်တွက် စက်တင်ဘာလ၂၃ ရက် ည ၁၀ နာရီခန့်က အဖိတ်နေ့ ဓမ္မစင်္ကြာရွတ်ဖတ်နေသည်ကို ရက်ကွက်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေသည့် နိုင်ငံခြားသားတစ်ဦးက ဓမ္မာရုံအတွင်းဝင်ရောက်၍ အသံချဲ့စက်ပိတ်သွားသဖြင့် သာသနာညှိုးနွမ်းမှု၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှုတို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း အမှတ် ၉ နယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုးက ပြောသည်။


မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ဓမ္မာရုံတစ်ခုတွင် ဓမ္မစကြာင်္ရွတ်နေစဉ် နိုင်ငံခြားသားတစ်ဦးက ဖိနပ်မချွတ်ဘဲဝင်ရောက်၍ အသံချဲ့စက်ပိတ်သွားသဖြင့် ရက်ကွက်နေသူများက ယင်းနိုင်ငံခြားသားအား ဟိုတယ်ပြင်ပသို့ထုတ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း တမာရပ်ကွက်တွင် နေထိုင်သည့် ကိုဇင်မင်းနိုင်ကပြောသည်။


"လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်ကတည်းက ရွတ်ဖတ်လာတာ ဝါတွင်းသုံးလမှာ အဖိတ်နေ့တစ်ရက်ပဲ ရွတ်တာပါ။ ည ၁၀ နာရီလောက်မှာ ဓမ္မာရုံကရွတ်ဖတ်နေတာရပ်သွားတယ်လို့သိလိုက်ပြီး ခဏနေတော့ နိုင်ငံခြားသားတစ်ယောက် အဲလိုလုပ်သွားပြောတယ်။ အဲနိုင်ငံခြားသားကလည်း လမ်းထိပ်ကဟိုတယ်မှာတည်းတယ်။ ဒီလိုလူပါးဝတာကို မခံနိုင်တဲ့အတွက် ရပ်ကွက်ထဲက လူ ၁၀၀ လောက်က ဟိုတယ်ထဲကနေ ထုတ်ပေးဖို့ပြောခဲ့ကြတယ်" ဟု ကိုဇင်မင်းနိုင်ကပြောသည်။
7daydaily
Loading...