Breaking News

ဟိုပင်ရဲစခန်းပိုင်နယ်မြေတွင် ရွှေထည်ပစ္စည်းများနှင့် ငွေကျပ် ၁ဝ သိန်း ထည့်ထားသော သံသေတ္တာခိုးယူသူကို ဖမ်းဆီးရမိ


Loading...


ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့၌ ရွှေထည်ပစ္စည်း ခြောက်ကျပ်သားကျော်နှင့် ငွေကျပ် ၁ဝ သိန်း ထည့်ထားသော သံသေတ္တာအား ခိုးယူသွားသူကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
ဟိုပင်မြို့ အောင်နန်းရပ်ကွက်၌ နေထိုင်သူ ဒေါ်တင်တင်မိုးသည် သြဂုတ် ၃၁ ရက် နံနက်က မြို့မမြောက်ရပ်ကွက် ၌ ရှိသော ပေါ်တော်မူ ဘုန်းတော်ကြီးကျောင်း သို့ အရုဏ်ဆွမ်းကပ်ပြီး နံနက် ၅ နာရီခန့်တွင် နေအိမ် သို့ ပြန်လာခဲ့သည်။ နေအိမ်သို့ ပြန်ရောက်သော အခါ နေအိမ်အပေါ်ထပ်ရှိ အိပ်ခန်း တံခါးပွင့်နေသဖြင့် မသင်္ကာ၍ ဝင်ရောက်စစ်ဆေးရာ သံသေတ္တာတစ်လုံး ပျောက်ဆုံးနေသည်ကို တွေ့ရှိရပြီး ရွှေထည်ပစ္စည်းများ နှင့် ငွေများပါသွားသဖြင့် ဟိုပင်နယ်မြေရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်ကြားခဲ့သည်။
 
ဟိုပင်နယ်မြေရဲစခန်းမှူး ရဲအုပ်တင်ထွဋ်နှင့် တပ်ဖွဲ့ဝင်များ သည် အခင်းဖြစ်အရပ်သို့ သွားရောက် စစ်ဆေးကာ မသင်္ကာဖွယ် ရှိသူ နန့်ရင်းကျေးရွာနေ ဖိုးဖြူ (ခ)စိန်ဝင်းအား လိုက်လံရှာဖွေ ရာ ၄င်း၏ နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း ပုန်းအောင်းနေစဉ် ဖမ်းဆီးရမိခဲ့သည်။
 
ထို့နောက် ဖိုးဖြူ(ခ)စိန်ဝင်းက ဒေါ်တင်တင်မိုး ပျောက်ဆုံး သွားသောပစ္စည်းများအား ခိုးယူခဲ့ကြောင်း ဝန်ခံပြီး ဝှက်သိမ်း ထားသောပစ္စည်းများအား အပ်နှံခဲ့သည်။ ငွေနှင့် ရွှေထည်ပစ္စည်းများ ခိုးယူသော ဖိုးဖြူ(ခ)စိန်ဝင်း (၃၈ နှစ်)အား ဟိုပင်နယ်မြေရဲစခန်းက အမှုဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
 
Ref: MOI
The Ladies News
Loading...