Breaking News


ရည်းစားထားသည့် ကိစ္စပြောဆိုဆုံးမစဉ် အဆိပ်သောက်သေဆုံးခဲ့


Loading...


လှိုင်သာယာမြို့နယ်တွင် ရည်းစားထားသည့် ကိစ္စပြောဆိုဆုံးမစဉ် အဆိပ်သောက်သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက
စက်တင်ဘာလ ၁၆ ရက်နေ့  တွင် သေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ ည ၁၂ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အင်းစိန်ဆေးရုံ၌
လူတစ်ဦး အဆိပ်သောက်သေဆုံးရောက်နေကြောင်း သတင်းအရ လှိုင်သာယာမြို့မရဲစခန်းမှ ရဲအုပ်ချစ်လွင် နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ တွံတေးမြို့နယ်နေ
အသက်(၁၅) နှစ်အရွယ်မိန်းကလေးဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံ
တစ်ရာမတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

စုံစမ်းချက်အရ သေဆုံးသူမှာ လွန်ခဲ့သော ၃ လခန့်က
လှိုင်သာယာမြို့နယ်ရှိကုန်စုံဆိုင်တစ်ဆိုင်တွင် ဈေးကူရောင်း
လုပ်ကိုင်ရန် နေထိုင်သူဖြစ်ကြောင်း၊၎င်းင်းကို ဆိုင်ရှင်ဖြစ်သူက ရည်းစားထားသည့် ကိစ္စဖြင့် ပြောဆိုဆုံးမခဲ့ရာက ဆန်ပိုးမထိုးရန် ဆန်ထဲတွင်ထည့်သည့် ပိုးသတ်ဆေးပြား တစ်ပြားကို သောက်ခဲ့
ရာက ည ၉ နာရီ ၄၀ အချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။

အလောင်းကို အင်းစိန်ဆေးရုံက ပီအာရ် ၂၇ ဖြင့် လက်ခံထားပြီး လှိုင်သာယာမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၆၀/၁၆ ဖြင့်
အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

Myanmar Time
Loading...