Breaking News


သပိတ်ကျင်း ပြည်သူ့ဆေးရုံရှိ ဆရာဝန် နားနေဆောင် မျက်နှာကြက် ပြိုကျ


Loading...
ယနေ့ (စက်တင်ဘာ ၃ ရက်) ညနေ ၄ နာရီခွဲခန့်က မန္တလေးတိုင်း သပိတ်ကျင်းမြို့ရှိ (၂၅) ခုတင်ဆံ့ ပြည်သူဆေးရုံမှ တာဝန်ကျ ဆရာဝန်များ နားနေဆောင် မျက်နှာကြက် ပြိုကျခဲ့သည်။
ယင်းသို့ ပြိုကျခဲ့ခြင်းကြောင့် တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ဆေးရုံတာဝန်ကျ သူနာပြု ဆရာမတစ်ဦးက ပြောဆိုသည်။
“ကျွန်မရယ်၊ ဆေးရုံဝန်ထမ်းတစ်ဦးနဲ့ အလုပ်လုပ်နေတဲ့အချိန် ဘုတ်ဘုတ်ဆိုပြီး အသံကြားပြီး ဝုန်းကနဲ ပြုတ်ကျတော့ အောက်ကိုထိုင်ချလိုက်လို့ ကံကောင်းပြီး လူမထိခိုက်တာ” ဟု ၎င်းက ဆိုသည်။
ယင်းမြို့နယ်ဆေးရုံအဆောက်အဦးကို ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇူလိုင် ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း ရွှေသုန္ဒရီ ဆောက်လုပ်ရေး ကုမ္မဏီမှ တာဝန်ယူ တည်ဆောက်ကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်ဟု သပိတ်ကျင်းမြို့ မြို့နယ်ကုသဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါတ်တာဝင်းနိုင်က ပြောဆိုသည်။
ဓာတ်ပုံ - တင်ဇော်ဦး
thevoicemyanmar
Loading...