Breaking News


အချစ်ရှာဖို့ အချိန်မတန်သေးပါဘူး…အိချောပို


Loading...


အိချောပိုက စက်တင်ဘာလ ၉ ရက်နေ့မှာကျင်းပတဲ့ “ခေတ်သစ်ဧကရီ” အနုပညာဖျော်ဖြေပွဲမှာ လူရွှင်တော်တစ်ယောက်အနေနဲ့ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲက အိချောပိုရဲ့တတိယအကြိမ်မြောက် လူရွှင်တော်အဖြစ် ဖျော်ဖြေရတဲ့ပွဲလို့လည်း သိရပါတယ်။ သူချစ်တဲ့ ပရိသတ်တွေအတွက် ဒီလိုအနုပညာမျိုးနဲ့ တစ်ဖက် တစ်လမ်းကနေ ပါဝင်ဖျော်ဖြေပေးရလို့လည်း ကျေနပ်မိကြောင်းကို အိချောပိုက ” ဒီအဖွဲ့နဲ့ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေရတာတော့ ဒုတိယအကြိမ် ပေါ့နော်။ ဟိုအရင်ကတော့ လူရွှင်တော်အဖြစ် ဖျော်ဖြေဖူးပါသေးတယ်။ လူရွှင်တော်အလုပ်နဲ့ ပတ်သက်ပြီး အိချောပိုက ဝါရင့်မဟုတ်တော့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ အမှားအယွင်းတွေ ပါရင်လည်း ဖြည့်စွက်ပြီး ကြည့်ပေးစေချင်တယ်။ ဒီပွဲအတွက်ကို လူရွှင်တော် ဦးပန်းသီးကလည်း သေချာလေးလေ့ကျင့်ပေးထားတယ်။ ပြက်လုံးတွေကလည်း အစုံပါပဲ။ စင်မြင့်ပေါ်မှာ ပရိသတ်ကို ရယ် အောင်လုပ်ရတော့မယ့် အခါကျတော့ နည်းနည်းတော့ ကြောက်စိတ်ဝင်မိတယ်။ ကိုယ့်တစ်ယောက်တည်းကပဲရယ်အောင် လုပ်လို့မရဘူး။ ပါဝင်ကြတဲ့သူအားလုံးက အချိတ်အဆက် မိမိနဲ့ အံဝင်ခွင်ကျဖြစ်မှ ရယ်ရမှာလေ။ အားလုံးကတော့ ကြိုးစားထားကြပါတယ်။ ပရိသတ်တွေ နှစ်သက်သဘောကျလိမ့်မယ်လို့ အိချောထင်ပါတယ်။ ဒီပွဲမှာ ကိုယ်ချစ်တဲ့အလုပ်နဲ့ ကိုယ်ချစ် တဲ့ပရိသတ်တွေအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ဖျော် ဖြေပေးရလို့လည်း ကျေနပ်မိ၊ ပျော်ရွှင်မိပါတယ်” လို့ ပြော ပြပါတယ်။


အိချောပိုရဲ့ လက်ရှိအချစ်ရေးကို မေးတဲ့အခါမှာတော့ အိချောပိုက …” အခုအချိန်မှာ အချစ်ရေးရယ်လို့ စိတ်ထဲမရှိဘူး။ အနု ပညာအလုပ်ကိုပဲ ခေါင်းထဲ ထည့်ထားတယ်။ အခု ကြားနေကြတဲ့ အနုပညာသမားထဲက တစ်ယောက် နဲ့ဆိုတာလည်း မဟုတ်ပါဘူ။ အဲဒီလိုမျိုးလည်း မရှိပါဘူး။ အိချောက အားလုံး ကိုယ့် လုပ်ဖော် ကိုင်ဖက်တွေအပေါ် ကောင်းကောင်း မွန်မွန်ဆက်ဆံပေးတယ်။ အစ်ကိုကြီးတန် အစ်ကိုကြီး၊ သူငယ်ချင်းတန် သူငယ်ချင်း အဲဒီ လိုမျိုး ဆက်ဆံပေးတာပါ။ အခုချိန်မှာတော့ အိချော အချစ်ရှာဖို့အချိန်မတန်သေးပါဘူး။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ချစ်သူ ရွေးချယ် တော့မယ်ဆိုရင် ကိုယ်နဲ့ စိတ် သဘော ထားချင်း တိုက်ဆိုင်တဲ့ သူ၊ ကိုယ့်မိဘတွေနဲ့အဆင်ပြေမယ့် သူကိုပဲ ရွေးချယ်သွားမှာပါ” လို့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

Credit – Popular Journal
Loading...