Breaking News


မဟေဋိတိုင်းမှာ အဖြေရှိပါတယ်


Loading...


မဟေဋိတိုင်းမှာ အဖြေရှိပါတယ်
မနေ့က နေပြည်တော်တပ်ကုန်း ပင်လောင်လမ်း မိုင်တိုင်အမှတ် ၈/၄ တွင် Honda Civic Hybird (အမျိုးအစား) ယာဉ်အမှတ် YGN-5H/...... ကားပေါ်တွင် ဗိုလ်မှူးဝေဖြိုးအောင် သည် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရပြီး သမီးဖြစ်သူ မပန်းမြတ်ဟေသီ အသက်(၅)နှစ်ကတော့ ကားပေါ်မှာ အိပ်ပျော်နေလျက် တွေ့ရှိရပါတယ်။


ပထမသတင်းများ၏ ဖော်ပြချက်မှာတော့...>>
မကွေးတိုင်းဒေသကြီး၊ အထူးစုံစမ်း​စစ်ဆေးရေးဦးစီးဌာန(စစစ) လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးက ရမည်းသင်းမြို့နယ်ရှိ မိခင်ဖြစ်သူထံ ဖုန်းဆက်ပြီး အစ်ကိုဖြစ်သူဗိုလ်မှူးဝေဖြိုးအောင်မှ ၎င်းကိုဖုန်းဆက်ပြီး ဇနီးဖြစ်​သူက မိမိအားဓားဖြင့်ထိုးကြောင်း အလန့်တကြားဖြင့်အော်ဟစ်ကာ ဆက်သွယ်မရတော့ကြောင်း မိခင်ဖြစ်သူထံ အကြောင်းကြားခဲ့ရာ မိခင်ဖြစ်သူ ဒေါ်မမကြီးမှ ထိုဖြစ်စဉ်ကိုသိသိရခြင်း သားဖြစ်သူကားအား လိုက်လံရှာဖွေရာ တပ်ကုန်း-ပင်လောင်လမ်း မိုင်တိုင်အမှတ် ၈/၄ တွင် သားဖြစ်သူ ဗိုလ်မှူးဝေဖြိုးအောင်မှာ ၎င်း၏ကားပေါ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေပြီး မြေးဖြစ်သူ မပန်းမြတ်ဟေသီကတော့ အိပ်ပျော်နေလျက်သား တွေ့ရှိရကာ ချွေးမဖြစ်သူ ဗိုလ်မှူးဝေဖြိုးအောင်၏ဇနီး မခင်စန္ဒီကျော်အား မတွေ့ရှိရသောကြောင့် ဖုန်းသတင်းအရ မခင်စန္ဒီကျော်အား သံသယဝင်ကာ လူသတ်မှုဖြင့် တပ်ကုန်းမြို့နယ်ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ထိုအမှုကို တပ်ကုန်မြို့နယ်ရဲစခန်းမှ မမစ-တက (ပ)၁၈၈/၂၀၁၆၊ဖြင့် အမှုဖွင့်ကာ လက်ခံဆောင်ရွက်လျက်ရှိပြီး တစ်ပြိုင်တည်း ပျောက်ဆုံးနေသူ မခင်စန္ဒီကျော်အား ၎င်း၏ဆွေမျိုးများနှင့်အတူ လိုက်လံရှာဖွေရာ အခင်းဖြစ်ပွားရာ မှ ၃မိုင်ကျော် ခန့် ရှိသော မိုင်တိုင်အမှတ် ၅/၁ တွင် ထိုးသွင်းဒဏ်ရာ (၂၉)ချက်၊ ပြတ်ရှဒဏ်ရာ(၂)ချက် စုစုပေါင်းဓားဒဏ်ရာ(၃၁)ချက်ဖြင့် သေဆုံးနေကြောင်း ထပ်မံ တွေ့ရှိရခဲ့ပါသည်။


ထို့ကြောင့် ၎င်းဖြစ်စဉ်မှ အသတ်မသေပဲ ကျန်ရစ်ခဲ့သည့်သမီးဖြစ်သူ မပန်းမြတ်ဟေသီ၏ ပြောပြချက်ရဟုဆိုကာ မစန္ဒီကျော်၏အစ်မဖြစ်သူ ဒေါ်ခင်စုမွန်မွန်ကျော်ကလည်း ညီမဖြစ်သူ မစန္ဒီကျော်အား သတ်သူ ဗိုလ်မှူးဝေဖြိုးအောင်အား အရေးယူပေးပါရန် တပ်ကုန်းမြို့မရဲစခန်းသို့ ည ၁၀း၃၀မိနစ်နာရီတွင်​ ထပ်မံတိုင်းတန်းခဲ့ပါသည်။
ကျန်ရစ်ခဲ့သူ မပန်းမြတ်ဟေသီ (၅)နှစ်သမီး ၏ ပြန်လည် ပြောကြားချက်ဆိုသည်များကတော့....>>
((ဖခင်ဖြစ်သူက မိခင်ဖြစ်သူအား ဓားဖြင့်ထိုးရန် ပွေ့ ထမ်း ပြီး ချောက်ထဲသို့ ပစ်ချခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ဖခင်ဖြစ်သူ သည် သမီးဖြစ်သူအား ခေါ်ဆောင်လျက် ကားကိုဆက်မောင်းလာပြီး ယခုမိုင်တိုင်သို့အရောက် ကားကိုရပ်တန့်ကာ ဖေကြီးက မိမိကိုယ်တိုင် ဓားဖြင့်ထိုးနေသည်ကို မြင်တွေ့ရကြောင်း)) ပြောကြားခဲ့သည်ဟု ဒေါ်စုမွန်မွန်ကျော်မှ ပြန်လည်ပြောကြားခဲ့ပါသည်။
အဆိုပါ ဗိုလ်မှူး နှင့် ဇနီးဖြစ်သူတို့၏ ဖြစ်စဉ်အသေးစိတ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမှုမှန်ပေါ်ပေါက်ရန် ဆက်လက်စုံစမ်းဖော်ထုက်လျက်ရှိကြောင်း သိရှိရပါသည်​။
ယခုဖြစ်စဉ်ဟာ တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲထားသလို ဟုတ် မဟုတ် (သို့မဟုတ်) ဘေးပယောဂကြောင့်လား ဆိုတာကတော့ ရရှိထားသော သက်သေခံပစ္စည်းများက အမှန်တရားအတွက် ဖော်ဆောင်ပေးပါလိမ့်မည်ဖြစ်ကြောင်း သတင်းစကားပါးရင်း ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ ဝမ်းနည်းစွာဖြင့် ကောင်းရာသုဂတိလားကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
တရားဥပဒေစိုးမိုးရေး အားလုံးပူးပေါင်း ဆောက်ရွက်ပေး
Photo Credit:
Copy from Ko Aung Kyaw Min
>>• Lwin Oo
Loading...