Breaking News


ရထားတိုက်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံး


Loading...


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ယနေ့(စက်တင်ဘာ ၃ရက်) မွန်းလွဲ ၁၂နာရီခွဲခန့်က နတ်မောက်-ပျော်ဘွယ်ရထားလမ်း မိုင်တိုင် ၂၂/၂၃အကြား လဲဘူးဘူတာအ​ရှေ့ဘက်​ နှစ်ဖာလုံခန့်အကွာတွင် ရထားတိုက်မိခြင်းကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း စိုင်ကောင်းနယ်မြေရဲစခန်းမှ သတင်းရရှိသည်။
လဲဘူးကျေးရွာနေ ဦးခင်အောင်၏သမီးဖြစ်သူ မနွဲ့ရီလေးသည် ရထားလမ်းကို ဖြတ်ကူနေစဉ် RGC 103 လမ်းပြင်​ရထားဖြင့်​ တိုက်​မိ​ခြင်းကြောင့် ၀ဲဘက်လက်မောင်း၊ ၀ဲဘက်ခြေထောက်များ ပြုတ်ထွက်သွားခဲ့ပြီး အခင်းဖြစ်ပြီး နှစ်နာရ်ီခန့်အကြာတွင် သေဆုံးသွားခဲ့ကြောင်း စိုင်ကောင်းနယ်မြေရဲစခန်းမှ ရရှိသော ကနဦးသတင်းအရ သိရသည်။
thevoicemyanmar
Loading...