Breaking News


မေးခွန်းကန့်သတ်လို့ ဝေဖန်ခံရတဲ့ နီနီခင်ဇော်


Loading...



အဆိုတော်နီနီခင်ဇော်က သူမရဲ့ "အနီရောင်အမှတ်တံဆိပ်နှုတ်ခမ်းနီနဲ့ အနီရောင်ဒီဗီဒီ"စာနယ်ဇင်းမိတ်ဆက်ပွဲမှ စာနယ်ဇင်းများကို ဝေပေးတဲ့ အစီအစဉ်စာရွက်မှာ မေးခွန်းအမေးအဖြေအစီစဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အမေး၊အဖြေကဏ္ဍတွင်သာ မေးမြန်းရမှာ ဖြစ်သလို အနီ ရောင်ဒီဗီဒီ၊ အနီရောင်နှုတ်ခမ်းနီနဲ့ မသက်ဆိုင်တဲ့ မေးခွန်းတွေ ဆိုဖြေကြားမှာ မဟုတ်ဘူးဆိုပြီး မေးခွန်းတွေကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။



‘နီတို့ ဒီနေ့မှာ Product က နှစ်မျိုးတောင် ရှင်းရပါတယ်။ ပြီး တော့ Speaker တွေသည် ရှစ် ယောက်လောက် ရှိပါသည်။ အဲဒီ တော့ ပြောရမယ့်စကားတွေက လည်း အရမ်းများတယ်။ ပြီးတော့ နီနီသည် ဒီပွဲလေးကို ဟိုးအရင်က တည်းက ဦးတည်ထားပြီးသား အနီရောင် Theme အားလုံးနဲ့ စာနယ်ဇင်း ဆရာ၊ ဆရာမတွေ အားလုံးနဲ့ အဓိကပေးထားတဲ့ Super Red ဆိုတဲ့အကြောင်းအ ရာ သွေလွဲသွားပြီးတော့ ပရိသတ် လက်ထဲ ရောက်သွားမှာ လည်း စိုးရိမ်ပါတယ်။ အဲဒီတော့ Super Red ဆိုတဲ့ အကြောင်းအရာလေး ပရိသတ်ခေါင်းထဲကို အရင် ရောက်ဖို့အတွက်ပဲ လုပ်ခဲ့ခြင်းဖြစ် ပါတယ်’’လို့ မေးခွန်းကန့်သတ်ခြင်းနဲ့ ပတ်သက်ပြီး သူမက ဆိုပါတယ်။




နီနီခင်ဇော်က ယခင်က သူမရဲ့ လူမှုရေးကိစ္စများနဲ့ ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုရေးသားခြင်းများ မပြုလုပ်ဖို့ ကို နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ကြေညာချက်ထုတ်ပြန်ထားခဲ့ပါသေးတယ်။
Source & Photo : 7day Daily
Loading...