ကျပ် ၅၀၀ တန်ထီ စရောင်းရင် ၂၀၀ တန်ထီကို အက္ခရာသုံးလုံးအထိပဲ ထုတ်ရောင်းမယ်


_________________________________________________________

ကျပ်ငွေ သိန်းတစ်သောင်း ချီးမြှင့်မယ့် ကျပ် ၅၀၀ တန်ထီ စတင်ဖြန့်ဝေရောင်းချမယ့် ၂၀၁၇ မတ်လကစပြီး ကျပ် ၂၀၀ တန်ထီလက်မှတ် စောင်ရေ သိန်း ၃၃၀ ကျော် လျှော့ချ ရောင်းချမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကနေ သိရပါတယ်။
ကျပ် ၅၀၀ တန်ထီ စတင်ဖြန့်ဝေရောင်းချမယ့် လကစပြီး ကျပ် ၂၀၀ တန်ထီ အက္ခရာ ၄၀ ရိုက်ထုတ်ရောင်းချပေးနေတဲ့ ၂၀၀ တန်ထီကို အက္ခရာသုံးလုံးပဲရိုက် ထုတ်ရောင်းချပေးတော့မှာဖြစ်လို့ ထီစောင်ရေ သိသိသာသာ လျော့ကျသွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။
‘‘အက္ခရာ တစ်လုံးကို ထီ စောင်ရေ ကိုးသိန်းလောက်ထွက် တယ်။ အက္ခရာသုံးသုံးပဲ ထုတ် မယ်ဆိုတော့ စောင်ရေက ၂ ဒသမ ၇ သန်းလောက်ပဲ ဈေးကွက်ထဲဖြန့်ဝေဖြစ်တော့မယ့် သဘောပါ’’လို့  ဦးမင်းထွဋ်က ပြောပါတယ်။
ထီစောင်ရေလျှော့ချထုတ်ဝေတာက လက်ရှိဈေးကွက်မှာ ကောက်ယူရရှိတဲ့ လေ့လာမှုစစ်တမ်းအရ ထီထိုးသူနဲ့ ရောင်းချတဲ့ ကိုယ်စားလှယ်တွေက ကျပ် ၅၀၀ တန်ထီကို ပိုစိတ်ဝင်စားမှုများနေတာကြောင့်လို့  ဦးမင်းထွဋ်က ပြောပါတယ်။
Source : 7DayDaily
Loading...