အင်းဝ အပ်ချုပ်ဆိုင်မိသားစု၏ ဓါတ်ပုံများ ရဲတပ်ဖွဲ့ က ဖြန့်ဝေ


_________________________________________________________
ကျောက်တံတား ရဲစခန်းတွင် လူကုန်ကူးမှု ဥပဒေအရ အမှုဖွင့်ခံထားရမှုကြောင့်  ထွက်ပြေးတိမ်းရှောင်နေသော  အင်းဝ အပ်ချုပ်ဆိုင်ရှင် သားအမိ နှစ်ဦး၏ ဓာတ်ပုံများကို လေဆိပ် ၊အဝေးပြေးကားဝင်း နှင့် တိုင်းနှင့်ပြည်နယ်ရှိ ရဲစခန်းအနှံ့ကို ဖြန့်ဝေထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြို့ဝင်ထွက် နေရာတွေမှာ သူတို့ဓာတ်ပုံတွေ ဖြန့်ထားပြီးပြီ ရပ်ကျေးအနှံ့ပါ သိရအောင် မြို့နယ်ထွေအုပ်တွေဆီ ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်တွေ ထပ်ပို့နေတယ် ဒီအမှုကို ဥပဒေအတိုင်း တိကျစွာ အရေးယူ ဆောင်ရွက်မယ် ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိက ပြောသည်။

" ဒီည ၇နာရီကျော်လောက်မှာ အင်းဝအပ်ချုပ်ဆိုင်က အမျိုးသမီးနှစ်ဦး အထုပ်အပိုးတွေ အိမ်စီးကားပေါ်တင်ပြီးထွက်သွားတာတွေ့ပါတယ်။ ပုံစံတွေက အရေးကြီးနေတဲ့ ထင်ရပါတယ်၊ အပ်ချုပ်ဆိုင်က ပိတ်ထားတာ နှစ်ရက်ရှိပါပြီ" ဟု   အင်းဝ အပ်ချုပ်ဆိုင် တည်ရှိရာ လမ်း ၄၀ တွင် နေထိုင်သော အမျိုးသား တစ်ဦးက ပြောကြားသည်။
thevoicemyanmar
Loading...