ကမ္ဘာမြေကို ၀င်တိုက်မယ့် ဂြိုလ်သိမ် ကို ဖျက်ဆီးဘို့  နာဆာက အာကာသံယာဉ် လွှတ်တင် - Thadinatin

Breaking News

ကမ္ဘာမြေကို ၀င်တိုက်မယ့် ဂြိုလ်သိမ် ကို ဖျက်ဆီးဘို့  နာဆာက အာကာသံယာဉ် လွှတ်တင်


Loading...




အာကာသ သိပ္ပပညာရှင်တွေက Bennu ဘင်နုလို့  နံမည်ပေးထားတဲ့ ဥက္ကပျံ(ဂြိုလ် သိမ် ဂြိုလ်မွှား) အကျယ်အ၀န်း ၅၁၀ မီတာ ဟာ ကမ္ဘာမြေကို ၀င်တိုက်မယ့် အန္တရယ် ရှိလာ
နေလို့  အဆိုပါ ဥက္ကပျံကို ကမ္ဘာပါတ် လမ်းကြောင်း ကနေ လမ်းကြောင်း လွဲဖျက်ဆီး လိုက်ဘို့  နာဆာ အဖွဲ့ (NASA) ဒီကနေ့  အာကာသ ယာဉ် တစ်စင်း လွှတ်တင်ခဲ့ပါတယ်။
ဒေါ်လာ သန်းပေါင်း (၁၀၀၀ )အကုန်ကျတဲ့ ဥက္ကပျံ ဖျက်ဆီးရေး မစ်ရှင် အာကာသယာဉ်ဟာ (၂၀၁၈) မှာ ဥက္ကာပျံပေါ်ရောက်ရှိသွားမှာဖြစ်ပါတယ်။

ကျောက်သားတွေ ရေခဲတွေ အတိနဲ့  ဖွဲ့ စည်းထားတဲ့ ဥက္ကပျံ တွေဟာ အင်္ဂြါ၈ိုလ်
နဲ့  ကြာသာပတေးဂြိုလ်ကြားမှာ ခါးပါတ်ကွင်းကြီးလို့  အုံဖွဲ့ ပြီး ပါတ်နေကြတဲ့ 
ဥက္ကာခဲပေါင်း 750,000 (ခုနှစ်သိန်း ငါးသောင်း)ခန့် ရှိပြီး ဥက္ကပျံ ၂၀၀ လောက်ဟာ မိုင်(၆၀) လောက်အကျယ်အ၀န်းရှိကြောင်း သိရပါတယ်။
ဥက္ကာပျံ အကြီးအသေးတွေဟာ ကမ္ဘာမြေကို အကြိမ်ကြိမ် ကြွေကျလာခဲ့ရာမှာ 1908ခုနှစ်ကကမ္ဘာမြေပြင် ဆာဗီးယား ဒေသကို ကျခဲ့တဲ့ ဥက္ကာပျံဟာ အကြီးမားဆုံးဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ အာကာသ တွင်းကနေ ကမ္ဘာမြေပေါ်ကျလာတဲ့ ဥက္ကာပျံ
တွေကို မီးလုံး-ဂြိုလ်သိမ်-အာကာသကျောက်တုံး စသဖြင့် နံမည်အမျိုးမျိုးတတ်
ခေါ်ဝေါ်နေကြတာတွေ့ ရပါတယ်။
(SAW)
Loading...