Breaking News

တရားသူကြီးရဲ့ ပိုက်ဆံအိတ် နေ့ခင်းကြောင်တောင်မှာ လုယက်ခံရ


Loading...

ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးဟာ မြစ်ကြီးနားမြို့လယ်ကောင်မှာ  ပိုက်ဆံအိတ်လုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီမှာ တရားသူကြီး ဒေါ်ပြုံးပြုံးအေးရဲ့ ပိုက်ဆံအိတ်ကို လုယက်သွားခဲ့တာဖြစ်ပြီး စိန်ထည်လက်ဝတ်ရတနာအချို့နဲ့ တရားသူကြီးမှတ်ပုံတင် ပါသွားပါတယ်။
 ဒေါ်ပြုံးပြုံးအေးဟာ ကားအနီးမှာ ပိုက်ဆံအိတ်ကိုင်လျက် လမ်းလျှောက်နေတုန်း ဆိုင်ကယ်စီးလာသူ အမျိုးသားက လုပြီးမောင်းပြေးတာဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောထားပါတယ်။  နောက်ကျောပေးမောင်းပြေးခြင်းဖြစ်တာကြောင့် ဒေါ်ပြုံးပြုံးအေးက မမှတ်မိဘဲ အပူတပြင်း လိုက်လံစုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောထားပါတယ်။
 Source: 7Day Daily
Loading...