မန်းရှိအလုံပိတ်တဲပိုင်ရှင်များထံမှ ငွေကြေးရယူထားကြောင်းစွပ်စွဲချက်အပေါ် ခရိုင်ထွေအုပ် တုံ့ပြန်ပြီ


_________________________________________________________

မည်သည့်ငွေကြေးတန်စိုးလက်ဆောင်မျှ ရယူထားခြင်းမရှိကြောင်း မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးဝင်းဇော်ကပြောသည် ။
“ကျွန်တော်တို့နဲ့ဘယ်လိုမှပတ်သက်မှုမရှိဘူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကိုလည်းမှာထားတယ်၊ ဒီကိစ္စမဖြစ်စေနဲ့လို့၊ ဖြစ်လာရင်ပြတ်ပြတ်သားသား
အရေးယူသွားမယ်လို့ပြောထားတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ငွေကြေးတန်စိုးလက်ဆောင်ယူတယ်လို့ကြားရင် လာတိုင်ကြပါ၊
ကျွန်တော်တို့အရေးယူပါ့မယ်” ဟု ၄င်းကဆိုသည်။
စက်တင်ဘာအစောပိုင်းမှစတင်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စည်ပင်ရဲတပ်ဖွဲ့ဦးဆောင်မှုဖြင့် ရပ်ကွက်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများပါဝင်သော
ကော်ဖီဆိုင်အအေးဆိုင်ဗန်းပြတရားမ၀င်အလုံပိတ်တဲဖမ်းဆီးရေးစုပေါင်းအဖွဲ့သည် မြို့တွင်း Down Town ဧရိယာအတွင်း ရှောင်တခင်
ဝင်ရောက်ဖမ်းဆီးမှုတို့လုပ်ဆောင်ခဲ့ရာ မဟာအောင်မြေမြို့နယ်အတွင်းဝင်ရောက်ဖမ်းဆီးမှုဖြစ်စဉ်တွင် ပြဿနာတစ်ချို့ပေါ်ပေါက်ခဲ့သည်။
မဟာအောင်မြေမြို့နယ် Cafe Orchid ဆိုင်အားဝင်ရောက်ဖမ်းဆီးရာတွင် ဆိုင်ရှင်ဘက်က ကျေနပ်မှုမရှိဘဲ သတင်းထောက်များနှင့်တွေ့ဆုံရှင်းလင်းပွဲ
တစ်ခုပါလုပ်သွားခဲ့ပြီး ဆိုင်ရှင်ဘက်က ၄င်းအနေနှင့်တရားဝင်ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခြင်းသာဖြစ်ကြောင်း သီးသန့်ခန်းပါဝင်သည်ဆိုသော်လည်း
အရက်သေစာရောင်းဝယ်ခြင်းမရှိကြောင်း၊ အထူးသဖြင့် ၄င်း၏ဆိုင်အား ၀င်ရောက်ဖမ်းဆီးမှုတွင် သက်ဆိုင်ရာအဖွဲ့အစည်းတစ်ချို့မှကျေနပ်မှုမရှိသည့်
ကိစ္စတစ်ချို့ကြောင့်သာ ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း တုန့်ပြန်ပြောဆိုထားသည် ။
“စင်တင်ပဲဖြစ်ဖြစ် ကာရာအိုကေပဲဖြစ်ဖြစ် အနှိပ်ခန်းပဲဖြစ်ဖြစ် ဇိမ်ခန်းပဲဖြစ်ဖြစ် နောက်ပြီးတော့ ဒီအလုံပိတ်တဲ့ကိစ္စပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့လုံးဝပတ်သက်မှုမရှိပါဘူး၊
ငွေကြေးနဲ့လာဘ်ထိုးထားတယ်ဆိုတာလည်း မဟုတ်ပါဘူး၊ ကျွန်တော်တို့ဘက်ကကင်းပါတယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။
မန္တလေးခရိုင်အတွင်း ယမန်နှစ်မှစတင်ကာ ကော်ဖီဆိုင်အအေးဆိုင်ဗန်းပြ၍အလုံပိတ်တဲများဖွင့်လှစ်ထားသည့်ဆိုင်များအား ဖမ်းဆီးအရေးယူခဲ့ရာ
ရတနာပုံတက္ကသိုလ်အနီး တောင်သမန်ကန်ပတ်လမ်းတစ်လျှောက်ရှိဆိုင်ခန်းများ၊ ရှမ်းကလေးကျွန်းကျေးရွာအနီး ကန်တော်ကြီး ပတ်လမ်းတစ်လျှောက်ရှိဆိုင်ခန်းများအား
ပွဲဦးထွက်ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ၄င်းတို့အား စည်ပင်ဥပဒေပုဒ်မ ၁၁၈ ဖြင့်အမှုဖွင့်အရေးယူခဲ့ကြောင်း၊ စက်တင်ဘာ ၂ ရက် မှ ၁၀ ရက်အထိ
အောင်မြေသာစံမြို့နယ်နှင့်မဟာအောင်မြေမြို့နယ်တို့တွင်
ဆက်လက်ဖမ်းဆီးအရေးယူခဲ့ရာတွင် ငွေကြေးတန်စိုးလက်ဆောင်ပေး၍လုပ်ကိုင်နေခြင်းဖြစ်ကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။စောထွေး
popularjournal
Loading...