Breaking News


လက်ဆယ်ချောင်းလုံးကျိုးခဲ့ရသည့် မစန်းကေခိုင်အား ဦးနိုင်ငံလင်း ဓားခုတ်ခံရစဉ်က ကုသပေးခဲ့သည့် ဆရာဝန်ကြီးနှင့် ကုသပေးမည်


Loading...

အင်းဝအပ်ချုပ်ဆိုင်ရှင်မိသားစုက ညှဉ်းပန်းနှိပ်စက်သဖြင့် လက်ဆယ်ချောင်း
လုံးကျိုးခဲ့ရသည့်အပြင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိခဲ့သည့် မစန်းကေခိုင်
အား ကိုယ်တိုင်ဓားခုတ်ခံရစဉ်က တာဝန်ယူကုသပေးခဲ့သည့် ပါမောက္ခဒေါက်တာခင် မောင်မြင့်နှင့် ကုသပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောသည်။
''ပါမောက္ခ ဒေါက်တာခင်မောင်မြင့်နဲ့ ကုသပေးမယ်။ ဒီဆရာဝန်ကြီးက ကျွန်တော့်လက်ကို ခွဲစိတ်ခဲ့တဲ့ ဆရာဝန်ပဲ။ ဆရာကြီးက အရမ်းတော်တာ။
ပြန်ကောင်းလာမယ်လို့တော့ မျှော်လင့်ပါတယ်''ဟု ၀န်ကြီး ဦးနိုင်ငံလင်း
က ပြောသည်။
-
ပါမောက္ခဒေါက်တာခင်မောင်မြင့်သည် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလ
က ၀န်ကြီးဦးနိုင်ငံလင်း ဓားခုတ်ခံရစဉ်ရရှိ သွားသောဒဏ်ရာများကို
ပျောက်ကင်းအောင် ကုသပေးသည့်ဆရာဝန် ဖြစ်သည်။ လက်ရှိတွင် ဒဏ်ရာများရရှိခဲ့ကြသည့် အိမ်အကူမိန်းကလေးနှစ်ဦးကို စက်တင်ဘာ ၂၁ ရက်မှစ၍ ရန်ကုန်ဆေးရုံကြီး လက်ပိုင်းဆိုင်ရာကုသရေးအဆောင် ၃/၄ တွင် ဆေးကုသပေးနေပြီး ၎င်းတို့အတွက် လုံခြုံရေးအဖြစ် ကျောက်တံတား မြို့မရဲစခန်းမှ ဒုရဲအုပ်တဦး၊ ရဲတပ်သားနှစ်ဦး၊ ရဲမေတဦးတို့ တာဝန်ယူစောင့်ရှောက်နေ ကြောင်း သိရသည်။
-
အဆိုပါ မိန်းကလေးနှစ်ဦး၏ဒဏ်ရာများ သက်သာပျောက်ကင်းပါက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနရှိ အမျိုးသမီးအသက်မွေးအတတ်သင် ပညာ
သင်ကျောင်း တွင်ထားရှိရန် စီစဉ်ထားကြောင်းလည်း သိရသည်။
-
''လူမှုဝန်ထမ်းက ဆေးရုံမှာလည်း အနီးကပ်စောင့်ရှောက်နေပါတယ်။
နောက်ပြီးတော့ ဒီကလေးတွေ ဒဏ်ရာ တွေ ပျောက်ပြီးတော့ အဆင်ပြေပြီ
ဆိုလို့ရှိရင် ရန်ကုန်အမျိုးသမီးအသက်မွေးအတတ် ပညာကျောင်းမှာ
စောင့်ရှောက်ပေးမယ်ဆိုတဲ့ အစီအစဉ်ရှိပါတယ်။ သူတို့က ဆန္ဒရှိတယ်ဆိုရင် သူတို့ကို ဒီသင်တန်းကျောင်း မှာ စောင့်ရှောက်ပေးမယ်ပေါ့''ဟု ၀န်ကြီး ဦးနိုင်ငံလင်းက ပြောသည်။
-
ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သလို ကူညီစောင့်ရှောက်ပေးနေပြီး မိန်းကလေးနှစ်ဦး၏ စိတ်ဒဏ်ရာများကို ကုသပေးရန်အတွက် ပညာရှင်များနှင့် ဆွေးနွေးသွားမည်ဟုလည်း ၎င်းက ပြောသည်။
===========
News Watch
Loading...