Breaking News


အကယ်ဒမီ မေသန်းနု အဆိပ်သောက်သေဆုံးကြောင်း ကောလာဟလသတင်း


Loading...


ဖေ့ဘုတ်စ်လူမှုကွန်ယက်စာမျက်နှာတစ်ခုတွင် ” တရားစွဲဆိုခြင်းခံထားရသော အကယ်ဒမီ မေသန်းနု အဆိပ်သောက်သေဆုံး ” ဟူသည့် သတင်းတစ်ခုအား အကယ်ဒမီ မေသန်းနု၏မိတ်ဆွေများက ကာယကံရှင်ထံ ပေးပို့ပြီး သတင်းများမေးမြန်းလျှက်ရှိကြောင်း သိရသည်။ အဆိုပါ ကောလာဟလသတင်းထွက်ပေါ်ချိန်တွင် မေးသန်းနုမှာ ၎င်းအား ဂုဏ်သိက္ခာထိခိုက်စေမှုအပေါ် ပြန်လည်တရားစွဲဆိုအမှုဖွင့်ရန် ရန်ကုန် အနောက်ပိုင်းခရိုင်ရှိ တရားရုံးတစ်ခုသို့  သွားရောက်နေကြောင်း ၎င်းကဆိုပါသည်။ ရန်ကင်း ရဲစခန်းတွင် ငွေ ကြေးလိမ်လည်မှုဖြင့် အမှုဖွင့် တိုင်ကြားခံထားရခြင်းဖြစ်ပြီး အကယ် ဒမီ မေသန်းနုအနေဖြင့် တိုင်ကြားသူ အမျိုးသမီးအား ပြန်လည်တရားစွဲ ဆိုရန်စီစဉ်ခြင်းဖြစ်ကာ ‘ပထမ အမှုကိစ္စကို မဆင့်က ပြန်စွဲမှာပါ။ အစကတော့ မ လုပ်တော့ဘူးဆိုပေမယ့် အခုလုပ် ဖို့ ဆုံးဖြတ်လိုက်ပြီ” ဟုလည်း စက်တင်ဘာ ၁၂ ရက်နေ့က ဒေါ်မေ သန်းနုမှ ဆိုခဲ့ပါသည်။
popularmyanmar
Loading...