သူမရှိခဲ့ဘူးလို့ သဘောထားခိုင်းလိုက်တဲ့ မိုးအောင်ရင် - Thadinatin

Breaking News

သူမရှိခဲ့ဘူးလို့ သဘောထားခိုင်းလိုက်တဲ့ မိုးအောင်ရင်


Loading...




မကြာသေးခင် ရက်ပိုင်းက မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံထားရတဲ့ မိုးအောင်ရင်က လွန်ခဲ့တဲ့ နာရီပိုင်း လောက်က သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပို့စ်တစ်ခုကို တင်လိုက်ပါတယ်။


အဲ့ဒီပို့စ်ထဲမှာ မိုးအောင်ရင်က သူ့ကို ဒီကမ္ဘာပေါ်မှာ သူမရှိခဲ့ဘူးလို့ သဘောထားခိုင်းလိုက်ပါတယ်။
"ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ ပရိတ်သတ်တို့  ကျွန်တော့်ကို စိတ်ပူပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အဆင်ပြေပါတယ်။ အခုထွက်နေတဲ့ သတင်းတချို့က မမှန်တဲ့အတွက် အင်တာနက်ပေါ်မှာ မြင်သမျှကို အမှန်လို့ မယုံစေချင်ဘူး" လို့ ရေးထားပါတယ်။
ဆက်လက်ပြီးတော့လည်း ကမ္ဘာပေါ်မှာ သူမရှိသလို သဘောထားပြီး နေပေးဖို့အတွက်ကိုလည်း ပြောပြထားပါသေးတယ်။ အရာရာအဆင်ပြေပါတယ်ဆိုတဲ့ မိုးအောင်ရင်က အချိန်တန်ရင် ပြဿနာတွေအားလုံးကို သူကိုယ်တိုင်ဖြေရှင်းပေးမှာပါလို့လည်း ပြောထားပါသေးတယ်။
Photo  :  မိုးအောင်ရင် ဖေ့စ်ဘွတ်
Loading...