Breaking News


အကယ်ဒမီစင်ရော်မောင်မောင်က ဖြစ်လာသမျှရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဆို


Loading...
အကယ်ဒမီစင်ရော်မောင်မောင်က ဖြစ်လာသမျှရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဆို

စင်ရော်ကြော်ငြာလုပ်ငန်းမှ ဒါရိုက် တာ အကယ်ဒမီ စင်ရော်မောင်မောင်က စက်တင်ဘာ ၁၂ရက်တွင် ရိုက်ကူးမည့် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ အနော်ရ ထာလမ်းရှိMiniso စတိုးဆိုင်ကြော်ငြာကို သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေးနှင့် ရိုက်ကူးရန် စရန်ပေးကမ်းလှမ်းထားပြီး  ရိုက်ကူးရန်ရောက်မလာသည့်ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီစင်ရော်မောင် မောင်ကFacebook တွင် ဖော်ပြခဲ့ပြီး နောက် အဆိုပါရိုက်ကွင်း၌ ယင်းက ပြည်မြန်မာဂျာနယ်အား ရှင်းလင်းပြော ကြားခဲ့သည်။ ‘‘လွန်ခဲ့တဲ့ ၁ဝရက် လောက်က ဖွေးဖွေးအမေနဲ့ဆက်သွယ် ပြီး ကြော်ငြာရိုက်ဖို့အတွက်ကမ်းလှမ်းခဲ့ တယ်။ ပြီးခဲ့တဲ့သုံးရက်လောက်က ကြော်ငြာရိုက်ဖို့အတွက် စရန် လာယူ သွားတယ်။ ရိုက်ရမယ့်ဇာတ်ညွန်းတွေ ကိုလည်း ကြိုပေးထားတယ်။ မနေ့က အထိ စကားတွေပြောခဲ့ပြီး အဝတ် အစားတွေလည်းပို့ထားတယ်။  ဒီနေ့မနက် ၈နာရီလောက်မှာ ဖဲကြိုး ဖြတ်ရမယ်။ အားလုံးသဘောတူထားကြတယ်။ နံနက်၈နာရီ ဆိုင်ဖွင့်ပွဲကို Miniso ဆိုင်ရှင်နဲ့တကွ ဖိတ်ကြားထားတဲ့နိုင်ငံခြား သားများ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ဖွင့်ပွဲဖွင့်လှစ်ရန်အတွက် ရောက်ရှိနေပေမယ့် သရုပ်ဆောင်ဖွေးဖွေး က ကျွန်မ ခုမှအိပ်ရာမှနိုးကြောင်း ၁ဝနာရီ ၁ဝနာရီခွဲခန့်မှ ရောက်မည်ဖြစ်ကြောင်း အကြောင်းကြားလာတဲ့အတွက် ဖွင့်ပွဲကို နောက်ဆုတ်ပေးခဲ့တယ်။ ဆယ်နာရီခွဲတဲ့ အထိ ရောက်မလာတဲ့အတွက် ကင် မရာမင်း ကိုနိုင်ကို ဖွေးဖွေးကကြော်ငြာ မရိုက်ဖြစ်တော့တဲ့အကြောင်း ဆက် သွယ်လာပါတယ်။ အခုရိုက်တာက အင် တာနေရှင်နယ်ကင်မရာနဲ့ ရိုက်တာဖြစ် တဲ့အတွက် တချို့ကင်မရာနဲ့ခြောက်Scence ရိုက်ရင် ဒီကင်မရာနဲ့နှစ် Scence ပဲရိုက်ရတယ်။ အဲဒီလောက်အ ထိ မီးချိန်ရတာကြာတယ်။ ရိုက်ရမယ့် ပစ္စည်းတွေအကုန်လုံး ယူလာတယ်။ ပရို ဂျူဆာကိုယ်တိုင်ကလည်း ရိုက်ကူးရေး အတွက်သေချာပြင်ဆင်ထားတယ်။ ဖုန်း ဆက်တာလည်း မကိုင်ဘူး။ ပရိုဂျူဆာက လည်း ကျွန်တော့်ကို ပြင်းပြင်းထန်ထန်အ ရေးယူဖို့လုပ်လာတယ်။ ဒါကြောင့် ဖေ့စ် ဘွတ်ခ်ကနေပဲ ဖြေရှင်းလိုက်တယ်။ ဒီလို ဖြေရှင်းတဲ့အတွက် သူ့ပရိသတ်တွေက နားလည်မှုလွဲရင်လွဲသွားမယ်။ ကျွန်တော် တို့လောကမှာ ဒါမျိုးဖြစ်စဉ်တွေဖြစ်နေ တာကြာပြီ။ ပြည်ပနိုင်ငံနဲ့ရိုက်ကူးရင် စာချုပ်ချုပ်ရတယ်။ ကျွန်တော်တို့ တိုင်း ပြည်ကတော့ ဝမ်းနည်းဖို့ကောင်းတယ်။ ဘယ်သူမှမလုပ်ဘဲ ကျွန်တော်ကအမုန်း ခံပြီး စလုပ်လိုက်တဲ့သဘောပါ။ အဲဒီအ တွက်လည်းဖြစ်လာတဲ့ပြသနာကို ကျွန် တော် ရဲရဲကြီးရင်ဆိုင်ဖြေရှင်းမှာပါ။ ပထမအဆင့်အနေနဲ့ ရုပ်ရှင်အစည်းအရုံး ကို အကြောင်းကြားထားတယ်၊ ပရိုဂျူ ဆာတွေအနေနဲ့လည်း ဘာလုပ်မလဲဆိုတာ ကိုရှေ့နေငှားထားတယ်။ ကျွန်တော်က လည်း မနက်ဖြန်ရှေ့နေငှားမယ်။ ဥပဒေ အတိုင်းဆောင်ရွက်သွားပါမယ်။ ဒီလိုဖြစ်ရ တာစိတ်မကောင်းပါဘူး။ ဘဝမှာ ဒါပထမဆုံး အကြိမ်ပဲ။ ရှက်လည်းရှက်တယ်။ အခု ဖွေးဖွေးရောက်မလာတဲ့အတွက် ဖွင့်ပွဲမှာ ဗန်းကိုင်ဖို့ရောက်လာတဲ့ ဝါဆိုမိုးဦးနဲ့သန္တာ ဗိုလ်ကိုပဲ ဒီမှာအခက်အခဲဖြစ်နေတဲ့အ တွက်သူတို့ကိုပြောပြီး ကြော်ငြာကိုရိုက်ကူး ခဲ့ရတယ်’ဟု ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အကယ် ဒမီဖွေးဖွေးအား ဆက်သွယ်မေးမြန်းရာ ဖုန်းများပိတ်ထားသည့်အတွက် ဆက် သွယ်၍မရရှိခဲ့ပေ။        
မင်းအိုက်စွန်းန်
pyimyanmarnews
Loading...