Breaking News


တရုတ်မိခင်က ဆင်းရဲလွန်းလှသဖြင့် သားသမီးလေးဦးလုံးကို သတ်ပစ်ကာ သတ်သေသွား

Loading...
ကုန်းကောက်စရာ မရှိလောက်အောင်ကို ဆင်းရဲလှတဲ့
မိခင်တစ်ယောက်က သားသမီးလေးယောက်လုံးကို သတ်ပစ်ပြီး
ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမှု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအမျိုးသမီး ကိုယ့်ကိုယ်ကို သတ်သေအပြီးမှာပဲ
သူ့ခင်ပွန်းလည်း သတ်သေသွားပြန်ပါတယ်။
ဒါကြောင့် ဆင်းရဲ၊ ချမ်းသာ ကွာဟမှု ဘယ်လောက်တောင် ကြီးနေသလဲဆိုတာနဲ့ပတ်သက်လို့
အွန်လိုင်းသုံးစွဲသူတွေ အကြိတ်အနယ် ငြင်းခုံလာကြပါတော့တယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်ဆူပြည်နယ်က အသက် ၂၈ နှစ်အရွယ်
ယန်ဂီလန်ဟာ အသက်ခြောက်နှစ်ကနေ သုံးနှစ်ကြား
သားသမီးတွေကို ပုဆိန်နဲ့ ခုတ်သတ်ခဲ့တာပါ။
ပြီးတော့မှ သူက ပိုးသတ်ဆေးသောက်လိုက်တာပါ။ သူသတ်သေအပြီး
နှစ်ပတ်အကြာမှာပဲ သူ့ခင်ပွန်းကလည်း ပိုးသတ်ဆေးသောက်ပြီး
သတ်သေလိုက်ပြန်ပါတယ်။ ဒီမိသားစုဟာအဆင်းတကာ့ အဆင်းရဲဆုံးရွာလေးကပါ။
အစိုးရက ဝင်ငွေနည်းမိသားစုတွေကို ထောက်ပံ့ကြေးပေးပေမယ့်
သူတို့က ကျေးရွာအရာရှိတွေကို လာဘ်မထိုးခဲ့တဲ့အတွက်
ဒီထောက်ပံ့ကြေးကို မရခဲ့ဘူးလို့ သတင်းတွေက ဆိုပါတယ်။

Ref : AFP, 16.9. 2016
pyimyanmarnews
Loading...