မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် သီလရှင်ကို ဖမ်းဆီးရမိ


_________________________________________________________


 နေထိုင်ရာ အိပ်ခန်းအတွင်းမှ ၂၀၂ စာတန်းပါ ဘိန်းဖြူ ဘလောက်တုံး ၉၈တုံး၊ ဘိန်းဖြူ ဆပ်ပြာခွက် သုံးခွက် စုစုပေါင်း တန်ဖိုး သိန်းပေါင်း ၆၈၆၇ သိန်းနှင့် 

မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ တရုတ် ကွမ်ရင်မယ်တော်ကျောင်းတွင် သြဂုတ်လ ၃၁ ရက်နေ့က မူးယစ်ဆေးဝါးဖမ်းဆီးမှုတွင် ထွက်ပြေး တိမ်းရှောင်လျက်ရှိသည့် တရုတ်သီလရှင်ကို စက်တင်ဘာလ ၁ ရက်နေ့က မူးယစ်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

"တရုတ်သီလရှင် ရန်ပေါင်းမေကို သူနေထိုင်ရာ ကွမ်ရင်မယ်တော်ကျောင်းကို ပြန်လာချိန်မှာ ဖမ်းမိလိုက်တာ" ဟု အမှတ်၂၂ မူးယစ်တပ်ဖွဲ့စု(အထူး)မှ ရဲမှူး တီခေါင်လွမ်းက ဆိုသည်။

တရုတ်သီလရှင် ရန်ပေါင်းမေ နေထိုင်ရာ အိပ်ခန်းအတွင်းမှ ၂၀၂ စာတန်းပါ ဘိန်းဖြူ ဘလောက်တုံး ၉၈တုံး၊ ဘိန်းဖြူ ဆပ်ပြာခွက် သုံးခွက် စုစုပေါင်း တန်ဖိုး သိန်းပေါင်း ၆၈၆၇ သိန်းနှင့် တရုတ်ယွမ်ငွေ ၈၅,၀၀၀ ယွမ်၊ မြန်မာငွေ ၁,၃၄၅,၀၀၀ ကျပ်နှင့် ရွှေထည်ပစ္စည်း ၁၁ မျိုးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှူး တီခေါင်လွမ်းက ဆက်လက်ပြောကြားသည်။

မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ တရုတ်ကွမ်ရင်မယ်တော်ကျောင်းတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသော ဖြစ်စဉ်မှာ သြဂုတ်လ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား နိုင်ယိုးဆိုသူ နေထိုင်ရာ မြန်မာဘက်ခြမ်း ကောင်းမှုလွယ်ရပ်ကွက်ရှိ လုံးချင်း အိမ်ရာမှ WY စာတန်းပါ စိတ်ကြွဆေးပြားပေါင်း ၁၉၀,၀၀၀ တန်ဖိုးငွေ ၂၈၅၀ သိန်းဖိုး ဖမ်းမိသော ဖြစ်စဉ်နှင့် ဆက်စပ်နေကြောင်း မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဖမ်းဆီးရမိသည့် နိုင်ယိုး၏ ညီမဖြစ်သူနေထိုင်ရာ မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ရှိ နေအိမ်ကို သြဂုတ်လ ၃၁ ရက်နေ့က ဝင်ရောက် ရှာဖွေရာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိခြင်း မရှိဘဲ တရုတ်ယွမ်ငွေ ၇၅,၀၀၀ယွမ်၊ မြန်မာငွေ ကျပ် ၁၀ သိန်းကို ရှာဖွေတွေ့ရှိရကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ 

ရွှေလီမြို့တွင် ဖမ်းဆီးရမိသူ နိုင်ယိုး၊ ညီမဖြစ်သူ စိန်နီထွေး(ခ) အားဖန်နှင့် တရုတ်သီလရှင် ရန်ပေါင်းမေတို့သုံးဦးကို မူဆယ်မြို့မရဲစခန်းတွင်(ပ) ၁၀၀/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ လျက်ရှိသည်။
The voice
Loading...