Breaking News


လမ်းပြက အဓမ္မကျင့်ဘို့ ကြိုးစားတာကို ရုန်းကန်ထွက်ပြေးရင်း တောင်ပေါ်မှ လိမ့်ကျခဲ့တဲ့ အမေရိကန်နိုင်ငံသူ


Loading...





ထိုင်းနိုင်ငံတောင်းပိုင်း ကရဘီ ကျွန်းကိုလာရောက် အပန်းဖြေ လယ်ပါတ်နေတဲ့ အမေရိကန် နိုင်ငံသူ Hannah Michelle ဟန်နာ မစ်ချယ် အသက် (၂၃)နှစ်ဟာ ပေ၁၀၀ အမြင့် တောင်ပေါ်ကနေ လိမ့်ကျသွားခဲ့လို့ ကိုယ်တပိုင်းသေသွားခဲ့ပြီး သူမကို ပူးကက်မြို့ မှာ အရေးပေါ်ဆေးရုံတင်ကုသ နေရပါတယ်။



သိကျွမ်းတာတစ်ရက်သာရှိသေးတဲ့ ကမ္ဘာလှည့် ခရီးသည်တွေရဲ့  ပစ္စည်းတွေကို ကူသယ်ပေးသူ လမ်းပြတစ်ဦးက ဟန်နာကို ကျွန်းပါတ်ပြရင်း အဓမ္မ ပြုကျင့် ဘို့  ကြိုးစားခဲ့လို့  ဟန်နာက တရားခံ နား၇ွတ်ကိုကိုက်ပြီး ထွက်ပြေးရင်း ခုလိုတောင်ပေါ် ကနေပြုတ်ကျခဲ့တာပါ၊

ကျူးလွန်တဲ့ တရားခံ ထိုင်းနိုင်ငံသား အဖိုင် အသက်၂၈ နှစ် ဆိုသူကို ရဲကဖမ်း ဆီးလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။ တရားခံကနိုင်ငံခြားသူတဦး တောင်ပေါ်က ပြုတ်ကျခဲ့ကြောင်း ၁၉၁ ကို စတင်သတင်းပေးခဲ့သူလည်းဖြစ်ပါတယ်။

(SAW)
Loading...