Breaking News


လွိုင်ကော်လူသတ်မှုတွင် အလောင်းဖျောက်ခံရသည့် အမျိုးသမီး၏ ကျန်ရှိသည့် အရိုးသုံးပိုင်းသာ သဂြုင်္ိဟ်ရ


Loading...

လွိုင်ကော်မြို့ ထေးငှား လျားကျေးရွာတွင် ငွေကြေးကိစ္စ ဖြင့် စကားများရာမှ ခုတ်ထစ်မီးရှို့ ကာ အလောင်းဖျောက်ခံခဲ့ရသည့် အမျိုးသမီးကို သဂြုင်္ိဟ်ရန် ခန္ဓာ ကိုယ်အစိတ်အပိုင်းများ ပြန်မရ သဖြင့် ကျန်ရှိသည့် အရိုးသုံး ချောင်းဖြင့်သာ သဂြုင်္ိဟ်ခဲ့ရ ကြောင်း သတင်းရရှိသည်။

‘‘အဲဒီနေ့က ရှာကြပြုကြရင်း တွေ့တဲ့ အရိုးနည်းနည်းလေးနဲ့ သဂြုင်္ိဟ်လိုက်တာပါ။ တချို့အရိုး တွေ၊ အပိုင်းအစတွေကို ရဲစခန်းက စစ်ဆေးဖို့ယူသွားတယ်လေ။ မီးမလောင်ဘဲ ကျန်ခဲ့တဲ့ အရိုးခဲလေး သုံးခဲလောက်နဲ့ပဲ လုပ်လိုက်ရတယ်။ အသုဘလိုက်ပို့တဲ့သူက တော့များတယ်။ ကားအစီး ၂၀ လောက်ရှိမယ်’’ဟု သေဆုံးသူ ဒေါ်ပိုးမြာ၏ခင်ပွန်းကဆိုသည်။
ပြစ်မှုကျူးလွန်သူ ဒေါ်ဗျား မြာသည် သေဆုံးသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို အပိုင်းပိုင်း ဖြတ်ကာ ဦးခေါင်းခွံအပါအ၀င် ကျန်အစိတ်အပိုင်း အားလုံးကို ပြာဖြစ်သည်အထိ မီးရှို့ပြီးမှသာ အိမ်သာကျင်းအတွင်း စွန့်ပစ်ခဲ့ သည်ဟု ထွက်ဆိုထားကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ စခန်း မှူးကပြောသည်။
‘‘သူက လူသတ်မှုကျူးလွန် ပြီးကတည်းက တစ်ကိုယ်လုံးကို ပြာဖြစ်အောင်ရှို့ပြီးမှ ကျင်းထဲကို ပစ်တာလို့ပြောတယ်။ အဲဒီဘက် က အိမ်ခြေကျဲတော့ သူလုပ်နေ တာကို ပတ်ဝန်းကျင်က မသိ လိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီး အခုအချိန်အထိ သူတစ် ယောက်တည်း လုပ်ခဲ့တာပါလို့ ပြောတယ်။ အပြင်မှာ သတင်း ထွက်နေသလို ခေါင်းနဲ့ခြေတွေ လက်တွေရှိတဲ့နေရာ မပြောတာ မဟုတ်ပါဘူး’’ဟု လွိုင်ကော်ရဲ စခန်းမှူး ဒုရဲမှူးကျော်ကျော်ဦးက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က ထေးငှားလျားကျေးရွာနေ အသက်(၄၂)နှစ်အရွယ် ဒေါ်ပိုး မြာ၏ အသုံးအဆောင်ပစ္စည်းများ၊ တက်ဘလက်ဖုန်း၊ မီး လောင်ထားသည့် အသားစနှင့် အရိုးအချို့ကို ၎င်း၏ သူငယ်ချင်း အသက် (၃၈) နှစ်အရွယ် ဒေါ်ဗျား မြာ၏နေအိမ်  အိမ်သာကျင်းအ တွင်း တွေ့ရှိရာမှ လူသတ်မှု ပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ အသက် (၄၂) နှစ်အရွယ် ဒေါ်ပိုးမြာမှာ သြဂုတ် ၂၈ ရက် နံနက်ကတည်းက ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းစီး သွားသည့် ဆိုင်ကယ်ကို မှုံပြာ ကျေးရွာတွင် ပြန်လည်တွေ့ရှိခဲ့ ကာ ပျောက်သွားပြီး ငါးရက် မြောက်နေ့မှသာ အသတ်ခံရ သည်ကို သိရှိခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ ရဲအရာ ရှိကဆိုသည်။
ပြစ်မှုကျူးလွန်ခဲ့သည့် ဒေါ် ဗျားမြာ၏ ထွက်ဆိုချက်အရ သြ ဂုတ် ၂၈ ရက် နံနက်က သေဆုံးသူ ရောက်ရှိလာပြီး ငွေကြေးကိစ္စ ဖြင့် အချင်းများရာမှ သနပ်ခါးတုံး အရှည်ဖြင့် ထုသတ်ခြင်းဖြစ်ပြီး တူတော်စပ်သူကို ဆိုင်ကယ်ကို ယူ၍ လယ်ထဲတွင်ရှိနေသည့် ခင်ပွန်းအား ခေါ်ခိုင်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
ထို့နောက်တွင် ဒေါ်ဗျားမြာ သည် သေဆုံးသူ၏ အလောင်းကို ဓားဖြင့်ခုတ်၍ ပိုင်းဖြတ်ကာ နောက်ဖေးမီးဖိုချောင်၌ မီးရှို့ခဲ့  ပြီး အိမ်သာကျင်းထဲကို သွား ရောက်စွန့်ပစ်ခဲ့ကာ သေဆုံးသူ အသုံးအဆောင်ပစ္စည်းများကိုပါ အိမ်သာကျင်းထဲ ထည့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
သူငယ်ချင်း အမျိုးသမီးကို သနပ်ခါးတုံးဖြင့် ထုသတ်ကာ အလောင်းဖျောက်ဖျက်ခဲ့သည့် အသက်(၃၈)နှစ်အရွယ် ဒေါ်ဗျား မြာ အပါအ၀င် ခင်ပွန်းနှင့် တူတော်စပ်သူတို့ကို ပြစ်မှုပုဒ်မ ၃၀၂/၂၀၁/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း လွိုင် ကော်မြို့မရဲစခန်းမှ သိရသည်။
7daydaily
Loading...