Breaking News


တပ်မတော်မှ ဗိုလ်မှူးနှင့် ဇနီး သေဆုံးမှု စီအိုင်ဒီက စစ်ဆေးနေဆဲဖြစ်


Loading...


စက်တင်ဘာလ ၁၃ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် စစ်အင်ဂျင်နီယာတပ်ရင်းမှ
ဗိုလ်မှူး ဝေဖြိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါက်တာခင်စန္ဒီကျော်တို့ ဓါးဒဏ်ရာ အသီးသီးဖြင့်
သေဆုံးခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မှုခင်းရဲတပ်ဖွဲ့( စီအိုင်ဒီ )က စစ်ဆေးနေဆဲဖြစ်သည်ဟု
နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဇော်ခင်အောင်က ယခုလ ၁၉ရက်နေ့က
မြန်မာတိုင်း(မ်)ကို ပြောသည်။

“ ဒီအမှုကို စီအိုင်ဒီ( မှုခင်းရဲတပ်ဖွဲ့ )ကို ပို့ထားပါတယ်၊ စစ်ဆေးနေဆဲလို့
သိရပါတယ် ” ဟု
၎င်းက ပြောသည်။အဆိုပါအမှုသည် ထူးခြားဖြစ်စဉ် ဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရန်
လိုအပ်သည့်အတွက် မှုခင်းရဲတပ်ဖွဲ့ ကသာ အမှုတစ်ခုလုံးကို ကိုင်တွယ်ဆောင်ရွက်သွားမည်
ဖြစ်သည်ဟု ရဲမှူးကြီးဇော်ခင်အောင်က ဆိုသည်။“ နေပြည်တော်မှာ ဒီအမှုက ထူးခြားတဲ့အမှုဖြစ်လို့
သိပ္ပံဓာတ်ခွဲခန်းတွေရဲ့ အဖြေတွေက အရေးကြီးတယ်လေ၊ DNAစစ်တာတွေက စီအိုင်ဒီက
လုပ်ရတာ၊ အဲဒီအချက်အလက်တွေက အရေးကြီးတယ်၊ ကျွန်တော်တို့ကျတော့
သိပ္ပံစက်ပစ္စည်းတွေ၊နည်းပညာတွေ မသုံးနိုင်ဘူး၊ ဒါကြောင့် အမှုမြန်မြန်ပေါ်ပေါက်အောင်၊
သုံးသပ်ချက်တွေ မှန်ကန်အောင်ပေါ့ ” ဟု ၄င်းက ဆိုသည်။

လက်ရှိတွင် သွေးစွန်းထားသည့် သက်သေခံ ဓားနှင့် အခြားဆက်စပ်ပစ္စည်းများကို
ရန်ကုန်မြို့ရှိ မှုခင်းရဲတပ်ဖွဲ့၊ ဓာတ်ခွဲခန်းတွင် စစ်ဆေးနေသည်ဟု သိရသည်။

ပြည့်​သက်​ဖြိုး – myanmar times
Loading...