Breaking News


ငါ... တစ်ခုလပ်ဖြစ်ရတာ နင်သူနဲ့အလိုတူအလိုပါဖောက်ပြန်ခဲ့လို့..


Loading...



ငါ... တစ်ခုလပ်ဖြစ်ရတာ နင်သူနဲ့အလိုတူအလိုပါဖောက်ပြန်ခဲ့လို့....
နင်...ဘာကြောင့်တခုလပ်ဖြစ်ရတာလဲ ငါမသိဘူး ....
ငါ...ရှိသမျှ အကုန်ပေါ်နေလည်း ငါ့ကြောင့်အိမ်ထောင်သည်အမျိုးသမီးတွေ သူတို့ အိမ်ထောင်ပြိုကွဲမှာ စိတ်ပူစရာမလိုဘူး...




နင်....အဲဒါတွေမဝတ်ဘဲ သူ့ကိုအစားမျိုးစုံ အိမ်တိုင်ရာရောက်ပို့ခဲ့တဲ့ မိန်းမတို့အိနြေ္ဒ နင့်တန်ဘိုးကို ငါမသိဘူး...
ငါ....ဘုရားစာမရှယ်ပေမဲ့ မဆဲဘူး...
နင်....လူတွေကိုခဏခဏခွေးလို့ခေါ်ပြီး ခွေးနဲ့ နှိုင်းတတ်လို့ နင့်ယုံကြည်တဲ့ ဘာသာတရား ငါမသိဘူး...
ငါ.... ကိုယ်တိုင်းပြည်ကိုယ် မနေပေမဲ့ မတောင်းစားဘူး...
နင်....ကိုယ့်တိုင်းပြည်ကိုယ်နေပြီး လူမျိုးတူ သူများမိသားစုကိုဖျက်ဆီးလို့ရတဲ့ပိုက်ဆံနဲ့ စားတယ်...
ငါ... သူများတိုင်းပြည်မှာနေလည်း fancy restaurants နဲ့ နာမည်ကြီး brands တွေ ကငါ့ကို မဆွဲဆောင်နိုင်ဘူး...
နင်.... ကိုယ့်တိုင်းပြည်ကိုယ်ချစ်တယ်ပြောပြီး  သူများယောကျားမှ နင့်အတွက်ဆွဲဆောင်မှုရှိတာရယ် သူတို့ဝယ်ပေးတဲ့ နိုင်ငံခြားဖြစ်brandsပစ္စည်းမှ ကြိုက်တတ်တဲ့ တိုင်းပြည်ချစ်တဲ့နင့်အချစ်ရဲ့တန်ဘိုး ငါမသိဘူး...
ငါနဲ့ နင် ....
တခုလပ်ဖြစ်ခြင်းတူပေမဲ့ ဖြစ်ရခြင်းအကြောင်း ကွဲပြားတယ်...
မိခင်ဖြစ်ရခြင်းတူပေမဲ့ ကိုယ့်ရင်သွေးကိုမွေးဖွား/ကျွေးမွေး/စောင့်ရှောက်ပုံခြင်း ကွဲပြားတယ်...
မိန်းမဖြစ်ရခြင်းတူပေမဲ့ ဝတ်စားဆင်ယဉ်မှု နဲ့ တန်ဘိုးထားတဲ့ ကိုယ့်ကျင့်တရားခြင်းကွဲပြားတယ်...
ဘာသာခြင်းတူပေမဲ့ ယုံကြည်ကိုးကွယ် မူနဲ့လက်တွေ့ကျင့်သုံးပုံခြင်းကွဲပြားတယ်...
ဘဝတွေတူပေမဲ့ ရင်ဆိုင်ဖြေရှင်းပုံခြင်းကွဲပြားတယ်...
နင့်လို ( Normal )မိန်းမတယောက်က သူများယောင်္ကျားကိုအောင်အောင်မြင်မြင်ခိုးဖို့ရာ ကိုယ့်အသွေးအသား ကိုယ့်ကျေးဇူးရှင်ကိုယ့်အမကို တောင် မကောင်းကြောင်းပြောတဲ့ နင်က ငါကို Normal မဟုတ်ဘူးလို့ပြောတာ ငါက ကျေနပ်တယ်...
ဒီပွဲမှာ ငါရူးံခဲ့တယ်ဆိုရင်လည်း တန်တယ်နောက်ထပ် ငါတို့မိသားစုလိုတခြားမိသားစုတွေကို နင်ဖြိုခွဲဖို့ခက်သွားလို့ ...
Kha Nge
သရုပ်ဆောင်စိုးသူ ဇနီးဟောင်း
Loading...