Breaking News


စစ်ကိုင်းမြို့ စက်မှုဇုန်အတွင်းတွင် စွန့်ပစ်အမှိုက်များနှင့် အထပ်သားလွှာ စက်ပါးစများ မီးလောင်မှုဖြစ်ပွား

Loading...



စစ်ကိုင်းမြို့နယ် ပတ္တမြားရပ်ကွက် စက်မှုဇုန်ဧရိယာအတွင်းရှိ စွန့်ပစ်အမှိုက်များနှင့် အထပ်သားလွှာ စက်ပါးစများမှ စတင်ကာ စက်တင်ဘာ(၃)ရက် ညနေ  (၅)နာရီ(၁၅) မိနစ်အချိန်ခန့်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပေါ် ခဲ့ကြောင်းသိရသည်။

မီးလောင်သောခြံမှာ အကျယ် ၄ ဒဿမ ၃ ဧကကျော်ကျယ်ဝန်းပြီး လူနေထိုင်မှုမရှိကြောင်း ခြံဝိုင်းပိုင်ရှင်မှာ မန္တလေးတွင် နေထိုင်သူဟု သိရပြီး ထပ်ဆင့်ငှားရမ်းထားသူမှာ ဦးအောင်ကိုမင်းမှ ငှားရမ်းထားပြီး စက်ပါးလွှားစများကို ပြန်လည်အသုံးပြုနိုင်ရန်အတွက် ၂၀၁၆ ခုနှစ် သြဂုတ်လ (၂၇) ရက်နေ့မှစတင်၍ ခြံဝိုင်းအတွင်း စက်ပါးလွှာစများကို ထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ရာနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြင်ပလူမှုရေးအသင်းအဖွဲ့များမှ ရေဘောင်ဆာများ က ကူညီ၍ မီးငြိမ်းသတ်နေကြသည်။ မီးလောင်မှုသည် လူနေအိမ်များနှင့် ဝေးကွာသည် ဆိုသော်လည်း  မီးကူးစက်မလာနိုင်စေရေး အတွက် မီးသတ်ကားများ၊ ရေဘောင်ဆာများက အသင့်စောင့်ဆိုင်းပြီး မီးငြိမ်းသတ်နေကြသည်။ မီးလောင်မှုကြောင့် အန္တရာယ်ကျရောက်ပါက ကူညီပေးနိုင်ရန်အတွက် လူမှုရေးအသင်းအဖွဲ့များမှလည်း စောင့်ဆိုင်းကူညီပေးနေကြကြောင်းသတင်းရရှိသည်။

စစ်ကိုင်းခရိုင် ပြန်/ဆက်
MOI
Loading...