Breaking News

နေပြည်တော် ကျောက်မျက်ပြတိုက် အနီးTourism Police ဌာနမှ ယာဉ်တစ်စီး မတော်တဆ ပြုတ်ကျ


Loading...


နေပြည်တော် ကျောက်မျက်ပြတိုက် အနီးတွင် သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်က လမ်းလယ်ကျွန်း ရေမြောင်းအတွင်းသို့Tourism Police ဌာနမှ ယာဉ်တစ်စီး မတော်တဆ ပြုတ်ကျခဲ့ကြောင်း နေပြည်တော် တိုင်းယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ်သန်းကျော်ဌေးက ပြောသည်။



မောင်းနှင်လာသူမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဒဏ်ရာပြင်းထန်သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ယင်းတပ်ဖွဲ့ဝင်ကို မဆင်မခြင်မောင်းနှင်မှု အပါအဝင် ရဲဝန်ထမ်း စည်းမျဉ်း စည်းကမ်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

(ဓာတ်ပုံ - အောင်ထက်)
The voice
Loading...