Breaking News

တအောင်းတပ်ဖွဲ့ TNLA မှ ထိန်းသိမ်းထားသည့် နမ့်ခမ်းရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးပြန်လွှတ်


Loading...


တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ ထိန်းသိမ်းထားသည့် နမ့်ခမ်းရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးအား သြဂုတ်လ ၇ ရက် က ကျေးရွာအုပ်ချူပ်ရေးမှူးများမှ တစ်ဆင့် ပြန်လွှတ်ပေးလိုက်ကြောင်း တအောင်းတပ်မတော် (PSLF/TNLA) သတင်းနှင့်ပြန်ကြားရေးဌာန ၏ သြဂုတ် ၉ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယင်းတို့က သြဂုတ်လ ၆ ရက်နေ့ ညနေ ၁၅း၀၀ နာရီအချိန်တွင် တအာင်းတပ်မတော်နှင့် ပန်းဆေးပြည်သူ့စစ် အဖွဲ့တို့ ဖဒဲန်ကျေးရွာအနီးတွင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခြင်းရှိခဲ့ကြောင်း ဆိုသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှု အပြီး တအာင်းတပ်မတော်မှ လမ်းကြောင်းများ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ်ချိန် အတွင်း ဖားဒဲန်ကျေးရွာအတွင်း အရပ်ဝတ်ဖြင့် ရောက်ရှိနေသည့် မသင်္ကာသည့် လူတစ်ဦးအား ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးကြည့်ရာ ၄င်းသည် နမ့်ခမ်း ရဲစခန်းမှ ၁၃ မိုင်ရဲကင်းတွင် တာဝန် ထမ်းဆောင် နေသော ရဲတပ်ကြပ်ကြီးတစ်ဦး ဖြစ်ကြောင်း တွေ့ရှိသည်ဟု ဆိုသည်။
အဆိုပါ ရဲတပ်ကြပ်ကြီးအနေဖြင့် နမ့်ခမ်းရဲစခန်းမှ တာဝန်ကျရာ ၁၃ မိုင်ရဲကင်းသို့ သွားရောက်မည်ဖြစ်ပြီး ထိုသူနှင့် အတူ ရဲတပ်သားတစ်ဦး လာပြီး မိုးရွာသဖြင့် ရဲတပ်သားအားဆိုင်ကယ်ဖြင့် ရှေ့မှသွားခိုင်းပြီ ယင်းအနေဖြင့် ကားကြုံဖြင့် လိုက်လာခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ယင်းတို့အနေဖြင့် အဆိုပါ ရဲတပ်ကြပ်ကြီးနှင့်ပတ်သက်ပြီး ဖဒဲန် ကျေးရွာအုပ်ချုပ်ရေးမှူးအား ခေါ်ယူမေးမြန်းပြီးနောက် ဟုတ်မှန်သည့်အတွက် တိုက်ပွဲများဖြစ်နေသည့်အတွက် ရဲတပ်ကြပ်ကြီး လုံခြုံရေးအတွက် စောင့်ရှောက်ထားပြီး သြဂုတ် ၇ ရက်နေ့တွင် တပ်ကြပ်ကြီးအား တအာင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးထံ ကောင်းမွန်စွာ လွှဲပြောင်းပေးကြောင်း ဆိုထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နမ့်ခမ်းရဲစခန်းအား ဆက်သွယ်မေးမြန်းရာတွင် “ဟုတ်ကဲ့ သူတို့ပြန်လွတ်လာပါပြီ။ အားလုံး အေးအေးဆေးဆေးပါပဲ။ သြဂုတ်လ ၇ ရက်နေ့ကတည်းကပါ။ အရင်တုန်းကတော့ ဒီလိုဖြစ်တာမျိုးမရှီခဲ့ဘူး။ သူတို့လုံခြုံရေးက ထိန်းသိမ်းထားတာ ဖြစ်ပါတယ်” ဟု သြဂုတ်၁၀ရက် ညနေ ၅ နာရီခွဲခန့်က ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားသည်။
စိုင်းဟန်
The Ladies News
Loading...