Breaking News


ရွှေမှုံရတီ ဘာလို့ Reflection ဇာတ်ကားကို မရိုက်ဖြစ်တာလဲ


Loading...


အိန္ဒြာကျော်ဇင်ရဲ့ ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဇာတ်ကားထဲမှာ ပါဝင်ဖို့အတွက် ရွှေမှုံရတီကို ကမ်းလှမ်းခဲ့ရာ ပထမက လက်ခံထားပြီး နောက်မှ ပြန်ဖျက်လိုက်တယ်လို့ သိရပါတယ်။ ဆရာဖြစ်သူ ဒါရိုက်တာ လူမင်း ကိုယ်တိုင်ရိုက်ကူးမယ့် ဇာတ်ကားကို ရိုက်ကူးရက်အဆင်မပြေတာကြောင့် မရိုက်ဖြစ်ခဲ့တာလို့ သူမက ဆိုပါတယ်။

ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတဲ့ သူမက လူမင်းရိုက်ကူးမယ့် ဇာတ်ကားနဲ့ ရိုက်ကူးရေး ရက်တိုက် နေတာ ကြောင့် မရိုက်ဖြစ်တော့ကြောင်း အဲ့ဒီအတွက်ကိုလည်း ဆရာဖြစ်သူ ပြေတီဦးကို ရှင်းပြပြီး တောင်းပန်ထား ကြောင်းကို အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။

လက်ရှိမှာ ရွှေမှုံရတီက ဇေရဲထက်နဲ့အတူ ပြင်ဦးလွင်မှာ ဇာတ်ကားရိုက်ကူးနေတယ်လို့ သိရပါတယ်။
Source : The Morning Post Journal
Photo  :  ရွှေမှုံရတီ အင်စတာဂရမ်
Loading...