Breaking News


ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပိုကီမွန်ဖမ်းရာ ပိုကီစတော့(Pokestop)တစ်ခု ဖြစ်နေ


Loading...



ရန်ကုန်တွင် ဆော့ကစားနေကြသော ပိုကီမွန်ဂိမ်းတွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၅၄ နေအိမ်သည် ပိုကီစတော့ (Pokestop) ဟုခေါ်သော ပိုကီမွန်ဖမ်းသည့် ဘောလုံးများရယူရန်နေရာဖြစ်နေခြင်းကြောင့် လူအများစုဝေးနိုင်ပြီး လုံခြုံရေးဆိုင်ရာပြဿနာများရှိလာနိုင်ကြောင်း နည်းပညာကျွမ်းကျင်သူအချို့က သုံးသပ်သည်။
အဆိုပါ Pokestop နေရာများတွင် လူအများ ပိုကီဘောလုံး (Pokeball) များလာရောက်ရယူနိုင်ပြီး ပိုကီမွန်အကောင်ဖမ်းသည့် လူများစွာရောက်ရှိလာနိုင်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတို့သတိထားစောင့်ကြည့်သင့်ကြောင်း၎င်း တို့ကအကြံပြုသည်။
“ပိုကီမွန်ဖမ်းတဲ့သူတွေက တခါတခါဆို အုပ်စုလိုက်တွေ တောင်ရှိလာတယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်က အဲ့ဒီလိုနေရာတစ်ခုဖြစ်နေတော့ ရောယောင်ပြီး လုံခြုံရေးချိုးဖောက်မှုတွေ ရှိမှာစိုးရတယ်။”ဟု နည်းပညာကျွမ်းကျင်သူ ကိုရန်နောင်ထွန်းကပြောသည်။
ပိုကီမွန်ဂိမ်းကို သြဂုတ်လ ၆ ရက်နေ့မှစတင်၍ ရန်ကုန်တွင် ဆော့ကစားနေပြီး လူငယ်အများအပြားစိတ်ပါဝင်စားစွာကစားနေကြသည်ကိုတွေ့ရသည်။ အဆိုပါ ဂိမ်းထဲတွင် Pokestop ဟုခေါ်သောနေရာများနှင့် Gym ဟု ခေါ်ဆိုသောနေရာများသည် အထိမ်းအမှတ်နေရာများ၊ ဘုရားကျောင်းများ၊ ရှေးဟောင်းနေရာများတွင်ရှိနေသောကြောင့် လူအများအပြားထိုနေရာများသို့လာရောက်နေကြခြင်းဖြစ်သည်။
ထိုသို့ Pokestop နေရာဖြစ်နေပါက အဆိုပါနေရာကို ဖျက်ပေးရန်အတွက် ပိုကီမွန် တည်ထောင်သော Company ကို အင်တာနက်မှတစ်ဆင့် တောင်းဆိုနိုင်ကြောင်းသိရသည်။
HEZ

Loading...