Breaking News

ဖိလစ်ပိုင်ကို ISIS တိုက်ခိုက်လျင် ၁၀ ဆပို၍ ကြမ်းတမ်းစွာတုန့် ပြန်မည်ဟုသမ္မတပြော




Loading...
----------------------------



ယနေ့ တွင် ဖိလစ်ပိုင်သမ္မ Duterterသည် ပြည်သူလူထုအားမိန့် ခွန်းပြောကြား ရာတွင် ISIS အကြမ်းဖက် အဖွဲ့ ကြီးကို ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပြီး ISIS အစွန်းရောက်အကြမ်းဖက်သမားများ ဖိလစ်ပိုင်နိုင်ငံကိုထိပါးလာပါက ၄င်းတို့ အကြမ်းဖက်သည်ထက် ၁၀ ဆပိုသောကြမ်းတမ်းမှုဖြင့် တုန့် ပြန်တိုက်ခိုက်သွားမည် ဟုသတိပေးလိုက်ကြောင်းသိရသည်။ Duterter က မြို့ တော်မနီလာရှိMalacanang Palace နန်းတော်မှ မိန့် ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး ISIS နှင့် ISIS ကိုထောက်ခံသူများသည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကျွန်းစုများသို့  စိမ့်ဝင်ပျံ့ နှံ့ နေပြီဖြစ်ကြောင်းကို လွန်ခဲ့သောရက်အနည်း ငယ်ကထုတ်ပြန်ကြေငြာခဲ့ပြီးနောက် တနင်္လာနေ့ ညနေပိုင်းက ပြည်သူလူထုကိုမိန့်  ခွန်းပြောကြားရာတွင် ဖော်ပြပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဖိလစ်ပိုင်တွင် Durter ၏ နိုင်ငံအုပ် ချုပ်ပုံနှင့် ထိလွယ်ရှလွယ်သော ကိစ္စများကိုကိုင်တွယ်ပုံနှင့်ပါတ်သက်၍ အခြေအတင်ဖြစ်ပွားမှုများ မြင့်မား လာနေကြောင်း၊ ဖိလစ်ပိုင်၌ အရိုးစွဲနေပြီဖြစ်သော မူးယစ်ဆေးဝါးပြဿနာကို Durter က ပြတ်သားခက်ထန်စွာကိုင်တွယ်လိုက်ပုံနှင့်ပတ်သက်၍ မသမာသူများတုန်လှုပ်ချောက်ခြားခဲ့ ကြောင်း၊ ယခုလည်း ISIS များသည် ဖိလစ်ပိုင်ထဲသို့  စိမ့်ဝင်ပျံ့ နှံ့ နေပြီဖြစ်ကြောင်း၊ အနည်းဆုံး ၃ နှစ်မှ ၇ နှစ် အထိ ၀ါဒဖြန့် ကာလူသစ်စုဆောင်းမည်ဖြစ်ကြောင်း၊ ၄င်းတို့ သည် လတ်တလောတွင် လက်နက်ကိုင်ဆောင် ထားခြင်းမရှိသေးဘဲ ၀ါဒဖြန့် စစ်ဆင်ရေးပြုလုပ် ရန်ရောက်ရှိနေခြင်းဖြစ်ကြောင်းလူသိရှင်ကြားထုတ်ဖော်ပြော ကြားလိုက်သည်ကိုလည်းစောလွန်းသည်ဟုနိုင်ငံရေးလောက က ဝေဖန်သုံးသပ်နေကြောင်း သိရသည်။ ISIS တွေ ဖိလစ်ပိုင်ကို တိုက်ခိုက်လာရင် သူတို့ ထက် ဆယ်ဆပိုကြမ်းတမ်းတဲ့နည်းနဲ့  ကျွန်တော်တို့  ပြန်တိုက် ခိုက်ပါမယ်။ ဒါပေမယ့် အခုရောက်နေတဲ့ သူတော်ကောင်းအယောင်ဆောင် ISIS တွေကိုဖော်ထုတ်ဖို့  ခက်ခဲနေပါတယ်။ သူတို့ ရဲ့ ဝါဒတွေကို အချိန် သုံး နှစ်ကနေ ခုနှစ် နှစ် ယူပြီးရိုက်သွင်းကြမယ်လို့  သိရပါတယ်။ အဲဒီ ၀ါဒ ဖြန့် တာအောင်မြင်သွားမှာကိုတော့ စိုးရိမ်ရပါတယ်ဟု Duerter က ပြောကြားခဲ့ကြောင်းသိရသည်။


Loading...