Breaking News


ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် အရပ်သား ရာပေါင်းများစွာကို ISIS လွတ်ပေး


Loading...



ဆီးရီးယားတွင်အမေရိကန်ကျောထောက်နောက်ခံပြုထားသောဆီးရီးယားဒီမိုကရက်တစ်တပ်များ၏ထိုးစစ်ကိုမခံနိုင်တော့ဘဲနိုင်ငံမြောက်ပိုင်းသို့ ဆုတ်ခွာထွက်ပြေးခဲ့ကြသော ISIS စစ်သွေးကြွများသည် ၄င်းတို့ ၏အသက် ကိုကာကွယ်ရန် အရပ်သားရာပေါင်းများစွာကိုဖမ်းဆီးခေါ်ဆောင်ကာလူသားဒိုင်း အဖြစ်အသုံးပြုခဲ့သော်လည်း ယနေ့ တွင် ၄င်းအရပ်သားများအားလုံး ကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ 

အဆိုပါ ISIS စစ်သွေးကြွများကိုမန်ဂျစ်မြို့ မှ လွန်ခဲ့သောရက်သတ္တပတ်ကစတင်ကာ နှင်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ ဆုတ်ခွာသွားရာလမ်းကြောင်း တလျှောက် မြေပြင်တပ်ဖွဲ့ များကလိုက်လံတိုက်ခိုက်ခဲ့သည့်အပြင် အမေရိကန် ဘက်ကလည်းလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ပေးခဲ့ရာ ISIS မှာအထိနာစွာဖြင့် နိုင်ငံမြောက်ပိုင်းအထိဆုတ်ခွာသွားခဲ့ရခြင်းဖြစ်ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံခဲ့ရသောအရပ်သားများကစဥ့် ကလျားဖြစ် ထွက်ပြေးရာမှ ကျန်ရှိနေသေးသောအရပ်သားများကိုလည်းလွှတ်ပေး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။





 ISIS ကနေလူသားဒိုင်းအဖြစ် အသုံးပြုဖို့ ခေါ်ဆောင်သွားတဲ့ ဆီးရီးယားအရပ်သားရာပေါင်း များစွာဟာဒီနေ့  လွှတ်မြောက်လာခဲ့ပါပြီဟု ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့ အခွင့်အရေးစောင့်ကြည့်အဖွဲ့ ကလည်းထုတ်ပြန် ကြေညာသည်။
 ယခုနှစ်မေလကပင် အာရပ်-ကာဒစ်မဟာမိတ်အဖွဲ့  SDF က မန်ဂျစ် ISIS များကိုထိုးစစ်ဆင်ခဲ့ခြင်းဖြစ် ကြောင်း၊ မန်ဂျစ် သည် ISIS တို့ ၏မြို့ တော် ရက္ကာသို့  စားနပ်ရိက္ခာနှင့်လက်နက်ခဲယမ်းမီးကျောက်များ တင်ပို့ ရာအရေးပါသောတစ်ထောက်နားမြို့ ဖြစ်ကြောင်း၊ ရက်ပေါင်းများစွာဆက်တိုက်ထိုးစစ်ဆင်ခံရသည့်ဒဏ်ကိုအိုဘားမား၏အမိန့် ဖြင့် အမေရိကန်ဦးဆောင်သောညွှန့် ပေါင်းတပ်ဖွဲ့ များကလည်းရက် ၃၀ တိတိမရပ်မနားလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ဆဲကာလဖြစ်သဖြင့် ISIS တို့ က အရပ်သား ၂၀၀၀ ထက်မနည်းကိုဖမ်းဆီးခေါ်ဆောင် ကာမန်ဂျစ်မြို့ မှ သြဂုတ် ၁၂ ရက်တွင် ဆုတ်ခွာထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
Loading...