အရေးကြီး Data တွေ အခိုးခံလိုက်ရတဲ့ ပိုပို



_________________________________________________________


ဒီနေ့ ပိုပိုရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားတဲ့စာကတော့ စိတ်မကောင်းစရာပါပဲ။ သြဂုတ်လ(၂၁)ရက်နေ့ ညက သုဝဏ္ဏ အားကစားရုံနားမှာ ရှိတဲ့ ဒါရိုက်တာ အောင်မြတ်ရဲ့ ကားကို ပြတင်းပေါက်များကို ခွဲပြိး Lattop (Apple Mac Book)နဲ့ Hard Disk တွေ အခိုးခံလိုက်ရတယ်လို့ ရေးထားပါတယ်။

အဲ့လို အခိုးခံလိုက်ရတဲ့ထဲမှာ ပိုပိုရဲ့ MTVရိုက်ကူးထားတဲ့ Data တွေအပြင် အဆိုတော် အောင်ထက်ရဲ့ Data တွေနဲ့အတူ အခြားသော အဆိုတော်ရဲ့ Data များလည်း ပါသွားတာကြောင့် ပိုပိုတစ်ယောက် နဲ့အတူ အခြား အဆိုရှင်များလည်း ဝမ်းနည်းနေရပါတယ်လို့ သူမရဲ့ အကောင့်မှာ ရေးထားပါတယ်။
ဒါကြောင့် တွေ့ရှိတဲ့ သူများအနေနဲ့ ဆက်သွယ်ပေးပါက ကျေးဇူးဆပ်သွားမှာ ဖြစ်သလို ပြဿနာလည်း မရှာပါဘူးလို့ ဆိုပါတယ်။ ကွန်ပျူတာ အဟောင်းပြန်ဝယ်တဲ့သူများလည်း ကူညီကြဖို့ကို သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။
Photo : ပိုပိုရဲ့ ဖေ့စ်ဘွတ်
Loading...