ရေဘေးသင့်ဒေသကို တေလာဆွစ် ဒေါ်လာ ၁ သန်း လှူဒါန်းမယ်

Loading...
_________________________________________________________

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့တဲ့အတွက်  အဆိုတော် တေလာဆွစ်ဖ်က

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့တဲ့အတွက်  အဆိုတော် တေလာဆွစ်ဖ်က လူဝီစီးယားနားရေဘေး သင့်ပြည်သူများအတွက် ကန်ဒေါ်လာတစ်သန်း လှူဒန်းမယ်လို့ ကြေညာခဲ့ပါတယ်။

လူဝီစီယားနားပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဒေသခံတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်လို့ အမေရိကန်အဆိုတော် တေလာဆွစ်ဖ်က ပြောပါတယ်။

အသက် (၂၆)နှစ်အရွယ်ရှိ တေလာဆွစ်ဖ်ဟာ ပြီးခဲ့တဲ့နှစ်က လူဝီစီယားနားပြည်နယ် ကို သွားရောက်ဖျော်ဖြေပွဲပြု လုပ်ခဲ့စဉ်က ဒေသခံတွေရဲ့တစ်ခဲနက်ကြိုဆိုမှုကို မမေ့နိုင်ဘူးလို့လည်း ဆိုပါတယ်။

 အမေရိကန်နိုင်ငံက ချမ်းသာသူတွေ အနေနဲ့လည်း ရေဘေးဒုက္ခကြုံနေတဲ့ လူဝီစီယားနား ဒေသခံတွေကို ကူညီကြ ဖို့နဲ့ ဆုတောင်း မေတ္တာပို့သပေးဖို့လည်း တေလာဆွစ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

လူဝီစီယားနားပြည်နယ်ရေကြီးမှုဟာ  ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပြီး အနည်းဆုံး လူနေအိမ် ၄၀,၀၀၀ ပျက်စီးခဲ့ပါတယ်။ လူစီယားနားပြည်နယ်မှာ ၂၀၀၅ခုနှစ်တုန်းက ကာထရီနာ ဟာရီကိန်းမုန်တိုင်းဝင်ရောက် တိုက်ခတ်စဉ်ကလည်း ကြီးမားတဲ့ဆုံးရှုံးမှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

Ref: sky
The voice
Loading...

နောက်ဆုံးရသတင်းများ ⇩⇩⇩