Breaking News


စမ်းချောင်းတွင် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦး သံချွန်ဖြင့်တိုက်ခိုက်ခံရ


Loading...


စိတ်ကျန်းမာရေးမကောင်းဟုယူဆရယူတစ်ဦးရဲ့ သံချွန်နဲ့တိုက်ခိုက်ခြင်းခံရပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိမှု ဒီကနေ့ မနက်ပိုင်းက စမ်းချောင်းမြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စမ်းချောင်းမြို့နယ်ထဲက စိတ်ကျန်းမာရေးမကောင်းတဲ့သူလို့ ယူဆရသူတစ်ဦးကို ရဲတပ်သားနှစ်ဦးကခေါ်ဆောင်လာစဉ် စမ်းချောင်းမြို့နယ် ဗဟိုလမ်းနဲ့ မြောင်းမြလမ်းထိပ်အရောက်မှာ အဆိုပါစိတ်ကျန်းမာရေးမကောင်းသူဟာ ထွက်ပြေးပြီး ဘေးပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကို အသင့်ပါလာတဲ့သံချွန်နဲ့တိုက်ခိုက်ခဲ့ပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတစ်ဦး လည်ပင်းမှာဒဏ်ရာရရှိခဲ့တယ်လို့ စမ်းချောင်းမြို့နယ်ရဲစခန်းရဲ့ တာဝန်ကျရဲအရာရှိကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
"လောလောဆယ်ကျွန်တော်တို့ အမှုလည်းဖွင့်ပြီးပါပြီ ။ (ပ) ၂၈၇/၃၂၆ ပြင်းထန်ဒဏ်ရာရရှိစေမှု နဲ့ ပါ" လို့ အဆိုပါရဲအရာရှိကပြောပါတယ်။
သံချွန်နဲ့တိုက်ခိုက်ခဲ့တဲ့ သူကို ဘေးပတ်ဝန်းကျင်က ၀င်ရောက်ဖမ်းဆီးရာမှာ ၀ိုင်းဝန်းကန်ကျောက် ၊ ရိုက်ပုတ်တာတွေပြုလုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး စိတ်ကျန်းမာရေးမကောင်းသူကို ၀ိုင်းဝန်းရိုက်နှက်ခဲ့တဲ့ သူတွေကိုတော့ တိုင်ကြားသူမရှိတဲ့အတွက် အမှုဖွင့်အရေးယူထားခြင်းမရှိဘူးလို့ ရဲအရာရှိက ပြောပါတယ်။
ရဲလွင်

Loading...