Breaking News


အဖော်အချွတ်ပုံစံဖြင့် ပရိုမိုးရှင်း ပြုလုပ်ခဲ့သူများ


Loading...


စီးပွားရေး လုပ်ငန်းရှင်များသည် ထုတ်ကုန်များကို စိတ်ဝင်စားမှု ရှိလာရန် ပုံစံမျိုးစုံဖြင့် ကြော်ငြာလေ့ရှိသည်။ ကားအရောင်းပြခန်းများတွင် မော်ဒယ်များကို ငှားရမ်းပြီး စိတ်ဝင်စားမှုရှိအောင် ပြုလုပ်ခဲ့ကြသည်။ ထို့ပြင်စားသောက်ဆိုင်များတွင်လည်း မော်ဒယ်များကို ငှာရမ်းပြီး ပရိုမိုးရှင်း ပြုလုပ်လာကြသည်။

ထိုသို့ပြုလုပ်ရာတွင် အမြင်ဆန်းစေရန် မော်ဒယ်များကို အဖော်အချွတ် ပုံစံဝတ်ဆင်စေခဲ့သည်။ ထို့ကြောင့် အဖော်အချွတ်ပုံစံဖြင့် ပရိုမိုးရှင်း ပြုလုပ်ခဲ့သူများအကြောင်းကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ဟော့ပေါ့ ပရိုမိုးရှင်းတွင် ဘီကီနီဝတ် အမျိုးသမီးများက ဖျော်ဖြေပွဲပြုလုပ်

လတ်ဆတ် ကောင်းမွန်သည့် ဟော့ပေါ့များကို အလကား စားရသည့်အပြင် ဘီကီနီဝတ် အမျိုးသမီးများ၏ အော်ပရာ ပြဇာတ်ကိုလည်း ကြည့်ရှုခွင့်ရခဲ့ခြင်းကြောင့် ကျေနပ်စရာ ပွဲတစ်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၊ Hefei အရပ်ဒေသတွင် ဟော့ပေါ့ကို အလကားကျွေးမွေးခဲ့ရာ လာရောက်စားသုံးသူ အများအပြား ရှိခဲ့သည်။

ယင်းဒေသတွင် နေထိုင်သည့်သူများ ပျော်ရွှင်စေရန် ရည်ရွယ်ပြီး ဟော့ပေါ့များကို အလကား လာရောက်စားစေခဲ့ခြင်း ဖြစ်သည်။ ပွဲစီစဉ်သူများသည် လာရောက် စားသုံးသူများပြားရန် အတွက် ဖျော်ဖြေရေး အစီအစဉ် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ ဟော့ပေါ့ကို အချိန်အတိုင်းအတာ သတ်မှတ်ပြီး ကျွေးခဲ့ခြင်း ဖြစ်သည်။ စုစုပေါင်း နှစ်နာရီသာ အချိန်သတ်မှတ်ထားသောကြောင့် လာရောက်စားသုံးသူ အများအပြား ရှိခဲ့သည်။

စားသုံးသူများကို သန့်ရှင်းသည့် နေရာထိုင်ခင်း စီစဉ်ပေးပြီး ပူးနွေးသည့် ဟော့ပေါ့များကို ကျွေးမွေးခဲ့သည်။ ထို့နောက် ဘီကီနီ အမျိုးသမီးများက မျက်နှာဖုံးများ တပ်ဆင်ကာ အော်ပရာ ပြဇာတ်ဖြင့် တင်ဆက်ခဲ့သည်။ ဘီကီနီဝတ် အမျိုးသမီးများသည် ဟော့ပေါ့များကို ပျော်ပါးစွာ ၀င်ရောက် စားသုံးခဲ့ကြကြောင်း သိရသည်။
အဖော်အချွတ်ပုံစံဖြင့် ကင်ဆာရန်ပုံ ငွေရှာဖွေ

လီဗာပူးလ် တက္ကသိုလ် အမျိုးသမီး ရပ်ဘီအသင်း သည် ကင်ဆာရန်ပုံငွေ အတွက် ရည်ရွယ်ပြီး ပြက္ခဒိန်ထုတ်ဝေခဲ့ရာတွင် ၀တ်လစ်စလစ် ဓာတ်ပုံများ ရိုက်ခဲ့သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ လက်ရှိပညာသင်ကြားနေသော တက္ကသိုလ် ကျောင်းသူများက ရင်သားကင်ဆာ ရန်ပုံငွေရရှိရန် အတွက် တစ်ကိုယ်လုံး နီးပါးပေါ်လုနီးပါးပုံစံဖြင့် ဓာတ်ပုံရိုက်ခံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ရိုက်ကူးရာတွင် လီဗာပူးလ် တက္ကသိုလ် အမျိုးသမီးအသင်းမှ ကစားသမား (၁၅) ဦး ပါဝင်ခဲ့သည်။ တက္ကသိုလ် ကျောင်းသူများက အတွင်းခံ ဘောင်းဘီသာ ၀တ်ဆင်ထားပြီး အားကစား ဖိနပ်ဝတ်ဆင်ကာ လက်ဖြင့် ရင်သားကိုအုပ်ကာ အုပ်စုဖွဲ့ ဓာတ်ပုံရိုက်ခံခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ပြုလုပ်ခြင်းကြောင့် ပေါင်(၂၀၀၀)ကျော် ရှိခဲ့ကြောင်း သိရသည်။

ပြက္ခဒိန် ရိုက်ကူးမှုတွင် ပါဝင်ခဲ့သော ဒုတိယနှစ် ကျောင်းသူအသက်(၁၉)နှစ် အရွယ် အိဗ်ဝက်တန်က မိမိတို့၏ ပြက္ခဒိန်ကို စိတ်ဝင်တစား ၀ယ်ယူခဲ့ခြင်း အတွက် ကျေနပ်မိကြောင်း၊ မိမိတို့သည် ပြီးခဲ့သည့်နှစ်ကလည်း ယခုလို ရိုက်ကူးမှုပြုလုပ်ပြီး အသင်းရန်ပုံငွေ အတွက် ရှာဖွေခဲ့ကြောင်း ပြောကြားခဲ့သည်။

အတွင်းခံ အ၀တ်အစား ၀တ်ဆင်ပြီး ပရိုမိုးရှင်းပြုလုပ်

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် အမျိုးသမီး(၁၂) ဦးခန့်သည် အတွင်းခံ အ၀တ်အစားများ ၀တ်ဆင်ပြီး မြို့ထဲတွင် သွားလာမှု ပြုလုပ်ခဲ့သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ မည်သည့် အတွက်ကြောင့် ပြုလုပ်ရသည်ကို သေချာမသိရှိသော်လည်း တရုတ်နိုင်ငံ၏ ထုံးစံအရ ပရိုမိုးရှင်းတစ်ခု ပြုလုပ်ခြင်းသာ ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြ သည်။

တရုတ်နိုင်ငံတွင် ဆိုင်ဖွင့်ပွဲ အခမ်းအနားနှင့် ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲများတွင် ထူးခြားသည့် အစီအစဉ်များထည့်သွင်းလေ့ရှိသည်။ ဘေဂျင်းမြို့တွင် ပြုလုပ်ခဲ့သည့် ပရိုမိုးရှင်းပွဲက လူစည်ကားရာ လမ်းမများတွင် ပြုလုပ်ခဲ့သောကြောင့် ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ အမျိုးသမီးများသည် အတွင်းခံ အ၀တ်အစားများ ၀တ်ဆင်ပြီး လမ်းလျှောက်ရာတွင် ကျောနှင့်တင်ပါးတို့၌ စာသားနှင့် ဘားကုတ်များကို ရေးထိုးခဲ့ကြသည်။

ကျောတွင် ရေးထိုးခဲ့သည့် စာမှာ ““ငါ့ကိုအသုံးပြုကြည့်ပါလား””ဟု အဓိပ္ပာယ်ရပြီး တင်ပါးတွင်မူ ဘားကုတ်ကို ရိုက်နှိပ်ထားသည်။ ယင်းသို့ သွားလာမှုအပေါ် ရဲတပ်ဖွဲ့က မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အမျိုးသမီးများသည် ဆံပင်အရှည်ကိုယ်စီနှင့် ဒေါက်မြင့်ဖိနပ်များကို စီးနင်းထားကြသည်။ အချို့နေရာများတွင် မျက်နှာကို ဖုံးကွယ်မှု ပြုလုပ်ခဲ့ကြသည်။

နည်းပညာကုမ္ပဏီ တစ်ခုက သူတို့ထုတ်လုပ်သည့် ပစ္စည်းကို စိတ်ဝင်စားမှု ရှိအောင် ဘားကုတ်များကို တင်ပါးတွင် ရိုက်နှိပ်ခဲ့သည်။ ပြီးခဲ့သည့် ကာလများတွင်လည်း အမျိုးသားများသည် စပါတန်များလို ၀တ်ဆင်ပြီး မြို့အတွင်း သွားလာကာ ထုတ်ကုန်ပစ္စည်းကို ကြော်ငြာမှုများ ပြုလုပ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့က တားမြစ်ခဲ့ရသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ စားသောက်ဆိုင်များသည် ပရိုမိုးရှင်း ပြုလုပ်ရာ၌ အမျိုးသမီးများကို အဖော်အချွတ်ပုံစံ ၀တ်စားဆင်ယင်စေပြီး စားပွဲထိုးအဖြစ် လုပ်ကိုင်ခိုင်းနေကြောင်း သိရသည်။

ဆိုင်ဖွင့်ပွဲတွင် မော်ဒယ်များကို ဘီကီနီဝတ်ပြီး စားပွဲထိုးစေခဲ့

တရုတ်နိုင်ငံတွင် ဆိုင်ဖွင့်ပွဲများကို ထူးထူးခြားခြား ပြုလုပ်တတ်ကြ သည်။ အချို့က ဆွဲဆောင်မှုရှိအောင် မော်ဒယ်တွေကို အသုံးပြုလေ့ရှိသည်။ မော်ဒယ်တွေကို အသုံးပြုရာတွင် ထူးထူးဆန်းဆန်း ဖြစ်အောင် ဘီကီနီဝတ်စုံများ ၀တ်ဆင်ခိုင်းလေ့ရှိ သည်။ တလောက ပြု လုပ်ခဲ့သည့် ရှော့ပင်းစင်တာဖွင့်ပွဲတွင် တက်ရောက်လာသူတွေကို ဧည့်ခံဖို့ မော်ဒယ်တွေကို အသုံးပြုခဲ့သည်။

တရုတ်မော်ဒယ်တွေ သာမက နိုင်ငံခြားသား မော်ဒယ်တွေလည်း ပါဝင်ခဲ့သည်။ မော်ဒယ်များသည် ဘီကီနီကို ၀တ်ဆင်ပြီး စားပွဲထိုးပုံစံ လုပ်ပေးရခြင်း ဖြစ်သည်။ တက်ရောက်လာသော ဧည့်သည်များ စားသောက်ဖို့ အတွက် ပန်းကန်ပြားတွင် သစ်သီးနှင့် ဟင်းလျာများကို ထည့်ကာ ပို့ဆောင်ပေးခြင်း ဖြစ်သည်။ ဟီနန်ဒေသတွင် ရှိသည့် ပလာဇာဖွင့်ပွဲတွင် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
messenger news journal
Loading...