Breaking News


ပိုးအိစံ ကား မတော်တဆမှု ဖြစ်ခဲ့


Loading...
“အစ်မ ကားကို အနောက်ကနေ တခြား ကားက ဝင်တိုက်လိုက်တဲ့ အချိန်မှာ အစ်မ ရဲ့ခေါင်းက အရှေ့ကားမှန် နဲ့ သွားရိုက်မိတယ်
---------------------------------------------------------------------
ဂီတ သက်တမ်း နှစ် ၂ဝ ပြည့် တော့မယ့် ပိုးအိစံ ဟာ အောက်တိုဘာ လမှာ သူရဲ့ ဂီတဖျော်ဖြေပွဲ ကို ကျင်းပဖို့ စီစဉ်နေပါတယ်။ တစ် ကိုယ်တော် ဖျော်ဖြေပွဲ မတိုင်ခင် ပိုးအိစံအနေ နဲ့ “အလှူတော်မင်္ဂလာ” တေးစီးရီးကို လည်း ထွက်ရှိဖို့ အသင့် ဖြစ်နေပါတယ်။ အခုလို သူ့ရဲ့ အနုပညာ လုပ်ငန်းတွေကို ဆက်တိုက် လုပ်နေစဉ် ကာလ အတွင်း မှာပဲ သြဂုတ်လ ၁၅ ရက်နေ့ က ပိုးအိစံဟာ ယာဉ် မတော်တဆ မှု ဖြစ်ပွားခဲ့ပါတယ်။

“သြဂုတ်လ ၁၅ ရက်နေ့  ညနေ ၅ နာရီလောက် အစ်မ အပြင်ကနေ အိမ်ကို ပြန်လာပါတယ်။ အစ်မရဲ့ ခြံရှေ့မှာ အစ်မအိမ် မှာ ရပ်ထားတဲ့ ဟာရီယာကားကို အရင်ရွှေ့တယ်။ အစ်မ စီးလာတဲ့ လန်ခရုဇာ ကားကို ခြံထဲကို သွင်းဖို့ အတွက်ပါ။ ခြံတံခါးကို ဖွင့်ပြီးတော့ ကားပေါ်ပြန်ရောက်တဲ့ အချိန် ကားကို ခြံထဲသွင်းဖို့ စက်နှိုးလိုက် တော့ နောက်ကားက အစ်မရဲ့ ကားကိုဝင်ပြီး တိုက်လိုက်တာပါ” လို့ ကား မတော်တဆဖြစ်မှုကို ပိုးအိစံက ရှင်းပြခဲ့ပါတယ်။

ယာဉ်မတော်တဆ ဖြစ်ပြီးတဲ့ နောက်မှာ ပိုးအိစံ ရဲ့ ကျန်းမာရေး အခြေအနေ ကိုတော့.. “အစ်မ ကားကို အနောက်ကနေ တခြား ကားက ဝင်တိုက်လိုက်တဲ့ အချိန်မှာ အစ်မ ရဲ့ခေါင်းက အရှေ့ကားမှန် နဲ့ သွားရိုက်မိတယ်။ ကားရဲ့ ဝိတ်က များနေလို့ နောက်က တိုက်တဲ့ ဒဏ် ကို ဘာမှမဖြစ်တာပါ။ အစ်မ ကားကို မတိုက်ခင် အစ်မတို့ အိမ်ရှေ့ က ကားဝပ်ရှော့မှာ စွန့်ပစ်ထားတဲ့ ကား ကို အရင် ဝင်တိုက်တယ်။ ပြီးတော့ အစ်မကားကို တိုက်တယ်။ ပြီးတော့ အိမ်က ဟာရီယာကား ကို ထပ်ပြီး တိုက်ပါတယ်။ အစ်မကား မတော် တဆဖြစ်တဲ့ ရက်ကတော့ ခေါင်းနည်း နည်းမူးနေတယ်။ မျက်နှာ လည်း နည်းနည်း တင်းနေသလိုကြီး ခံစားရ ပါတယ်။ သြဂုတ်လ ၁၆ ရက် နေ့ မှာတော့ ဆေးခန်းပြ ခဲ့ပါတယ်။ အခု လောလောဆယ် အစ်မရဲ့ ကားနှစ်စီး ကို မစီးဘဲ ဒီအတိုင်း ရပ်ထားရတယ်။ ရဲစခန်း မှာလည်း အမှုဖွင့်ထား ပါတယ်” လို့ ပြောပါတယ်။

Credit to: Popular Journal လင်းအိမ်ထင်(ကဗျာ)
Loading...