Breaking News


မြောက်ကိုရီးယားအစိုးရက ပြည်သူတွေကို ခွေးသားစားရန် တိုက်တွန်း


Loading...

လတ်တလောမှာ မြောက်ကိုရီးယားအစိုးပိုင် သတင်းမီဒီယာတွေကလည်း ခွေးသားစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြနေကြပါတယ်။
မြောက်ကိုရီးယားအစိုးရက အစားအစာရှားပါးနေတဲ့ ၎င်းရဲ့ ပြည်သူတွေကို ခွေးသားပိုစားကြဖို့နဲ့ ခွေးသားမှာ ကြက်၊ အမဲ၊ ဝက်နဲ့ ဘဲသားတို့ထက် ဗီတာမင် ပိုမိုကြွယ်ဝစွာ ပါဝင်ကြောင်း တိုက်တွန်းပြောကြားနေကြောင်း သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကလည်း ခွေးသားကို ကိုယ်ခံအားပြည့်ဝစတဲ့ ရိုးရာအစားအစာအဖြစ် ညွှန်းဆိုခဲ့တယ်လို့ ဆိုပါတယ်။မြောက်ကိုရီးယားအတွက် ဝါဒဖြန့်တဲ့ ယူကျု့ချန်နယ် DPRK Today ကလည်း ခွေးသားဟာ အခြား တိရစ္ဆာန်တွေရဲ့အသားထက် ဗီတာမင်ဓာတ် ပိုများကြောင်း ကြေညာခဲ့ပါတယ်။ ထို့အတူ ခွေးသားက အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် ကောင်းမွန်စေတယ်လို့ ပြောကြားခဲ့ကြောင်း The Korea Times သတင်းက ဖော်ပြပါတယ်။
DPRK Today က ခွေးကို သတ်ဖြတ်တဲ့အခါ ရိုက်သတ်ပြီး အမွေးအမျှင်များ ဖယ်ရှားရှင်းလင်းကာ ချက်ပြုတ်စားပါက အရသာပိုကောင်းကြောင်းလည်း နည်းလမ်းပေးထားပါသေးတယ်။ ခွေးသားကို မြောက်ကိုရီးယားမှာ ဒန်ဂိုဂီလို့လည်း ခေါ်ဝေါ်ကြကြောင်း သိရပါတယ်။
လတ်တလောမှာ မြောက်ကိုရီးယားအစိုးပိုင် သတင်းမီဒီယာတွေကလည်း ခွေးသားစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြနေကြတယ်လို့ ဆိုပါတယ်။ Korean Central Television (KCTV) က ပြုံးယမ်းမြို့မှာ ပြန်လည် ဖွင့်လှစ်ရောင်းချတဲ့ ခွေးသားစားသောက်ဆိုင်ဟာ အောင်မြင်နေကြောင်း သတင်းမှတ်တမ်း ရိုက်ကူး ထုတ်လွှင့်ခဲ့ပါသေးတယ်။

တောင်ကိုရီးယားနိုင်ငံမှ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူ အများအပြားကတော့ ခွေးသားစားခြင်းကို ရက်စက်ကြမ်းကြုတ်မှုအဖြစ် ကန့်ကွက်ထားပါတယ်။
Source & Photo: Daily Mail
Duwun
Loading...