Breaking News


ကိုလာ သောက်လွန်းသည့် အမျိုးသားများ အိပ်ခန်းတွင်း စွမ်းဆောင်ရည်ကျဆင်း


Loading...


ကိုလာ သောက်လွန်းသည့် အမျိုးသားများ အိပ်ခန်းတွင်း စွမ်းဆောင်ရည် ကျဆင်းတတ်ကြောင်း လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပြီဖြစ်သည်။

          တစ်ရက်လျှင် ကိုလာ တစ်လီတာ သောက်သုံးရုံဖြင့် အမျိုးသားများ၏ သုက်ပိုးအရေအတွက်(၃၀) ရာခိုင်နှုန်း ကျဆင်းပြီး လိင်တံတင်းမာမှုနှုန်းလည်း ကျဆင်းလာတတ်ကြောင်း သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။

          ကိုလာကို နှစ်သက်သူများဟု ကိုယ့်ကိုယ်ကိုယ် ပြောဆိုခဲ့သည့် အမျိုးသားများသည် ကိုလာမသောက်သည့် အမျိုးသားနှင့် နှိုင်းယှဉ်လျှင် ရေကောင်းကောင်း ကူးနိုင်ခြင်းမရှိကြောင်း ကိုပင်ဟေဂင်တက္ကသိုလ် ဆေးရုံမှ သုတေသနပညာရှင်များ၏ လေ့လာမှုတွင် ဖော်ပြထားသည်။

          ပညာရှင်များသည် အမျိုးသား (၂၅၅၄)ဦးကို လေ့လာခဲ့ခြင်း ဖြစ်သည်။ ကိုလာ စွဲလမ်းသူများ၏ သုက်ပိုး ပမာဏသည် တစ်မီလီလီတာလျှင် (၃၅)သန်းသာ ရှိသော်လည်း ကိုလာ မစွဲလမ်းသူများ၏ သုက်ပိုးပမာဏသည် တစ်မီလီလီတာလျှင်(၅၆) သန်းအထိ ရှိနေကြောင်း တွေ့ရှိခဲ့သည်။ သုက်ပိုး (၃၅)သန်းသည် ပုံမှန်ပမာဏအောက် လျော့နည်း သောကြောင့် အကျိုးဆက်အဖြစ် မျိုးမအောင်မှုများပင် ရှိလာနိုင်သည်။

          ကိုလာရှိ ကဖင်းဓာတ်ပမာဏနှင့် သုက်ပိုးနည်းပါးမှု တို့ကြား ဆက်စပ်မှု မရှိသောကြောင့် ကိုလာရှိအခြား အမယ်ပစ္စည်းများကြောင့်သာ သုက်ပိုးနည်းသွားခြင်း ဖြစ်နိုင်ကြောင်း ပညာရှင်များက ပြောသည်။

          ဖျော်ရည်များထဲရှိ ချိုအောင် လုပ်ထားသည့် အမယ်များသည် လိင်တံရှိ သွေးကြောများကို ထိခိုက်မှု ရှိစေသောကြောင့် ကြွက်သားများထဲသို့ သွေးစည်းဆင်းမှု အားနည်း သွားရခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင် များက ပြောဆိုခဲ့သည်။

Source:Mirror
messengernewsjournal
Loading...