Breaking News


သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် ၌ ၄ ကီလိုဂရမ် ရှိ ရွှေတုံးကို ရှာဖွေတွေ့ရှိ


Loading...



.
သြစတြေးလျနိုင်ငံ မှ ရွှေရှာဖွေသူ တစ်ဦးသည် ခန့်မှန်းခြေ အားဖြင့် အမေရိကန် ဒေါ်လာ ၁၉ဝဝဝဝ တန်ဖိုးရှိသော အလေးချိန် ၄ ကီလိုဂရမ်ရှိ ရွှေတုံးတစ်တုံး ကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သြဂုတ် ၂၅ ရက် ထုတ်ပြန်ချက် အရ သိရသည်။


.
အဆိုပါ အမျိုးသားသည် မြင်းခွာပုံဟု ယူဆရသော ယင်းရွှေတုံးကို ဗစ်တိုးရီးယား ပြည်နယ်မှ ကျော်ကြားသော ရွှေတြိဂံဒေသရှိ ကမ္ဘာ့ အကြွယ်ဝဆုံး ရွှေတွင်း၌ ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။
.
၁၅၄ အောင်စရှိ အဆိုပါ ရွှေတုံးကို နက်နက်နဲနဲ တူးဖော်ခဲ့ရခြင်း မဟုတ်သော်လည်း ယင်းရွှေတုံးမှာ တန်ဖိုးကြီးမား သည်ကို နားလည် သဘောပေါက် ကြောင်း ရှာဖွေသူ အမျိုးသားက ပြောကြား ထားသည်။
.
ရှာဖွေသူ အမျိုးသားသည် အဆိုပါရွှေတုံး ကို တင်းနစ်ဘောလုံး ပုံသဏ္ဌာန်ရှိ ရွှေတုံးတစ်တုံးအား တွေ့ရှိခဲ့ပြီးနောက် တစ်ရက် အကြာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ယင်းရွှေတုံးမှာ ခန့်မှန်းခြေ အားဖြင့် အမေရိကန် ဒေါ်လာ ၁၁ဝဝဝ တန်ဖိုးရှိကြောင်း သိရသည်။
.
ယင်းအမျိုးသား သည် တန်ဖိုးကြီးသော ရွှေများနှင့် ပတ်သက်၍ ရရှိသည့် အမြတ်များကို ၄င်း၏ရှာဖွေသူ သူငယ်ချင်း နှစ်ဦးအား မျှဝေပေးမည် ဟု ယခင်က ကတိပြုထား သောကြောင့် ၄င်းတို့ကိုလည်း ခွဲဝေပေးအပ် ခဲ့ရကြောင်း သိရသည်။
.
ထို့ပြင် အဆိုပါ အမျိုးသားသည် ဗစ်တိုးရီးယား ပြည်နယ် အလယ်ပိုင်းရှိ စတုရန်း ကီလိုမီတာ ၉၄ဝဝ ကျယ်ဝန်းသော ရွှေတြိဂံ ဒေသကို ဦးဆောင် ရှာဖွေလျက် ရှိသော ရွှေရှာဖွေသူများစွာ အနက် တစ်ဦးဖြစ်ကြောင်း သိရသည်။
.
http://www.pyichitthar.com/2016/08/blog-post_36.html
PyiChitThar
.
Loading...