၁၂ ဘီးယာဉ်ဝင်တိုက်၍ ဆိုင်ကယ်စီး ဖခင်နှင့် သမီးသေဆုံး

_________________________________________________________

 ပြည်-ရန်ကုန်လမ်းမကြီး တွင် ဆိုင်ကယ်နှင့် ၁၂ ဘီးယာဉ် တစ်စီးတိုက်မိ၍ ဆိုင်ကယ်စီးလာ သည့် မိသားစုသုံးဦးအနက် အသက်(၂၈)နှစ်အရွယ် ဖခင်နှင့် (၄)နှစ်အရွယ် သမီးတို့ သေဆုံးခဲ့ပြီး (၂၃)နှစ်အရွယ် မိခင်မှာ ပြင်းထန် စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

သြဂုတ် ၁၅ ရက် ည ၉ နာရီ ခန့်က ရွှေတောင်မြို့နယ် ပရပိုဒ် တန်းရွာအနီး ပြည်-ရန်ကုန်လမ်းမကြီးတွင် တိုက်မိခဲ့ခြင်းဖြစ်သည်။
‘‘၁၂ ဘီးယာဉ်က သူ့ရှေ့က ဆိုင်ကယ်တစ်စီးကို ကျော်တက် တယ်။ အဲဒီမှာ တစ်ဖက်ယာဉ် ကြောမရှင်းဘဲ ကျော်တက်တာ ကြောင့် တစ်ဖက်ယာဉ်ကြောက သားအမိ၊ သားအဖသုံးဦးပါတဲ့ ဆိုင်ကယ်ကို မျက်နှာချင်းဆိုင်ဝင် တိုက်တယ်။ ဒါကြောင့် ၁၂ ဘီး ယာဉ်မောင်းသူကို ယာဉ်မဆင် မခြင် မောင်းနှင်တာကြောင့် လူ သေဆုံးမှု၊ ပြင်းထန်စွာ ဒဏ်ရာရ ရှိမှု ပုဒ်မ နှစ်ခုနဲ့ အမှုဖွင့်အရေးယူ ထားပါတယ်’’ဟု ပြည်ခရိုင်ရဲတပ် ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။
သြဂုတ် ၁၄ ရက် ညကလည်းပြည်မြို့အဝင် ပညာရေးကော လိပ်အနီး ပြည်-ရန်ကုန်လမ်းမ တွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်း ဆိုင်တိုက်မိရာမှ တပ်မတော်သား တစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ် ရာရရှိခဲ့သည်။
‘‘ပြည်မြို့ အနီးအနားနေရာ ဖြစ်တဲ့ ပြည်-ရန်ကုန်လမ်းမပေါ် မှာ နှစ်ညဆက်တိုက် ဆိုသလို ယာဉ်မတော်တဆဖြစ်တယ်။ ဖြစ် တာနှစ်ခုက လူသေဆုံးတာတွေ ပဲ။ အခု ယာဉ်တိုက်မှုနှစ်ခုကို ကြည့်ဦး။ သုံးဦးသေဆုံးသွားပြီ။ အဓိကကတော့ ယာဉ်မဆင်မခြင် မောင်းတာတွေ၊ အရက်သေစာ သောက်စားမောင်းတာတွေ ကြောင့်အဖြစ်များတာ တွေ့ရတယ်’’ဟု ပြည်မြို့နယ် လူမှုကူညီရေး အသင်းသားတစ်ဦးက ပြောသည်။ Source: 7Day Daily
Loading...