အိမ်နီးချင်း အမျိုးသမီးနှစ်ဦးကို မကောင်းဆိုးရွား ဝင်ရောက်ပူးကပ်



_________________________________________________________

တစ်ဖက်အိမ်က အမျိုးသမီးထံ ပူးကပ်နေတဲ့ မကောင်းဆိုးရွားကို နှင်ထုတ်လိုက်တဲ့အချိန်မှာ ဘေးအိမ်က အမျိုးသမီးထံ မကောင်းဆိုးရွား ပူးကပ်ခံရတာ ဖြစ်ပါတယ်။

အိမ်နီးချင်း မိတ်ဆွေတစ်ဦးဖြစ်သူထံမှာ မကောင်းဆိုးရွား ဝင်ရောက်ပူးကပ်ခံရခြင်းကို ရုပ်သံသတင်းထောက်ထံ ပြန်လည်ပြောပြနေတဲ့ အမျိုးသမီးတစ်ဦးဟာ သိပ်မကြာခင်မှာ သူကိုယ်တိုင် မကောင်းဆိုးရွား ဝင်ရောက်ပူးကပ်ခြင်း ခံစားလိုက်ရပါတယ်။



နီကာရာဂွါနိုင်ငံက  တီပီတာပါဆိုတဲ့ မြို့ကလေးမှာ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာမီညာဆိုသူ အမျိုးသမီးဟာ အပြုအမူတွေ ပြောင်းလဲပြီး ထူးထူးဆန်းဆန်းတွေဖြစ်နေတာ သုံးလလောက်ရှိပြီဖြစ်ပါတယ်။ သူမထံမှာ မကောင်းဆိုးရွားပူးကပ်နေတယ်လို့ အိမ်သားတွေက ယုံကြည်ကြတဲ့အတွက် နတ်ဆရာကို ခေါ်ဆောင်လာခဲ့ပြီး ကိုယ်ထဲက မကောင်းဆိုးရွားထွက်စေဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ။်



ဒါကို သတင်းရထားတဲ့ ရုပ်သံသတင်းထောက်တွေက ဒီနေရာကို အရောက်လာပြီး တစ်ဖက်အိမ်မှာ နတ်ဆရာက မကောင်းဆိုးရွားနှင်ဖို့ ကြိုးစားနေတဲ့အချိန် အိမ်နီးချင်းအမျိုးသမီးကို အဖြစ်အပျက်အချို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။ အဆိုပါ အိမ်နီးချင်းအမျိုးသမီးကလည်း မကောင်းဆိုးရွား ဝင်ပူးကပ်ခံနေရတဲ့ အမျိုးသမီးဟာ ဘယ်လောက်ဒေါသကြီးကြောင်း ပြန်လည်ဖြေကြားနေခဲ့တာပါ။

သိပ်မကြာခင်မှာပဲ ရုပ်သံမြင်ကွင်းထဲမှာ အဆိုပါအမျိုးသမီးရဲ့ အပြုအမူဟာချက်ခြင်းပြောင်းလဲလာပြီး မကောင်းဆိုးရွား ပူးကပ်ခံရသူ အဖြစ်ကို ရောက်ရှိသွားပါတော့တယ်။

Source : Daily Mail
Duwun
Loading...